ဒေါက် ဒေါက် ဒေါက်
"အော်..ဘယ်သူများလဲလို့ အစောကိုး"
"ရှင်လေးတို့ထမင်းထွက်မစားတော့ဘူးလား ပြောပါဦး"
"အစောပြောမှဘဲ ဗိုက်ကဆာသလိုလို..."
"အဲ့တာဆိုအကြော်ဆိုင်သွားကြရအောင်လေနော်"
"ခဏလေးတော့စောင့်ပေးနော် ခင့်ကိုစောင့်ပေးရမှာမို့လို့"
"ဟုတ်ပါပြီရှင်"
ဒီနှစ်ယောက်ကိုကြည့်ရတာမရိုးသားတာအမှန်ပင်။မိန်းမသားနှစ်ဦးချစ်ခင်စုံမက်ခြင်းအားဝေဖန်စရာအကြောင်းမရှိပါလေ။သည်ကမ္ဘာလောကကြီးထဲ၌အချစ်တွေတိုးပွား၍အမုန်းမရှိခြင်းသာအဓိကကျတာပါလေ။
"အစော ဘာတွေတွေးနေတာလဲ သွားကြမယ်လေနော်"
"ဒါနဲ့ ဘယ်သူဒကာခံမှာပါလဲနော်"
"အမလေး ခင်ဝယ်ကျွေးပါ့မယ်ရှင်"
"အို...ခင်ကလည်းပိုက်ဆံဆိုတာတွင်းထဲကရတာမှမဟုတ်ပါဘဲနဲ့"
ဆူပုတ်ပုတ်လေးနှင့်ကပ်စီးကုတ်မလေးဆီကိုအကြည့်ရောက်မိတော့ပိုက်ဆံဆိုတာအလကားမရကြောင်းရှိရင်လည်းမရှိသလိုမရှိရင်လည်းရှိအောင်ကြိုးစားရကြောင်းမှာတန်းတွေခြွေရင်းနှင့်ပင်အကြော်ဆိုင်လေးဆီသို့ရောက်ခဲ့ပါတော့သည်။
"ဒီနေ့လူရှင်းနေတာပဲ"
"သမီးတို့ပုံမှန်အတိုင်းပဲလား"
"ဟုတ်ကဲ့ ဒေါ်ကြီး"
"...."
"ဒါနဲ့လူတော်တော်ရှင်းနေတယ်နော် ဒေါ်ကြီး"
"အေးကွယ် ဒေါ်ကြီးလည်းမသိတော့ပါဘူး"
မျက်နှာမကောင်းသည့်ေဒါ်ကြီးခမျာရောင်းမကောင်း၍ထင်ပါသည်းသို့သော်သူတို့မှာလည်းကူညီနိုင်စရာအကြောင်းအရင်းဟူသည်မရှိတော့ခက်တော့ခက်သား။သို့သော်သူတို့ရောက်လာသောကြောင့်ဒေါ်ကြီးအနည်းငယ်ဝင်ငွေရသွားသည်မှာတော့အမှန်ပင်မဟုတ်ပါလား။
"နွယ် နွယ် ဘာတွေတွေးနေပြန်တာလဲဟင်"
"ဒီလိုပါပဲ ဟိုဟိုဒီဒီပေါ့ခင်ရယ်"
YOU ARE READING
ပန်းပန်လျက်(Complete)
General Fiction1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist - Pann Eain 1980 ဝန်းကျင် ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှမိန်းမပျိုလေးနှစ်ဦး၏ချစ်ခြင်းကိုဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။ Artist...