Unicode
💦အမုန်းချိုချို အချစ်ခါးခါး💦
Part-1
တောက်....
ဧည့်ခန်းထဲက မျက်နှာဖူးယောင်နေပြီး
မထီမဲ့မြင်ထိုင်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ် အဲ့လူကတစ်ခြားသူမဟုတ်ပါဘူး ဦးစိုင်းလုံ ဒေါ် နန်းမွန် တို့ရဲ့
သား Gulf Kanawut ပဲ ဖြစ်ပါတယ်..." Gulf မင်းဘယ်တော့မှ ရန်ဖြစ်တာရပ်မ
လဲ ငါ့ကိုပြောစမ်း "" အဖေကြီး သားကိုအရမ်းမဆူပါနဲ့ သူ
လည်းဖြစ်ချင်လို့ဖြစ်တာမှ မဟုတ်တာ "" အမေကြီးမင်းရဲ့သားကငါတို့အလို
လိုက်ထားလို့ ဆိုးချင်တိုင်းဆိုးနေတာ "" ဒယ်ဒီပြောချင်တာ ဒါပဲမလား ကျနော်နားတော့မယ် "
" မင်း....မင်း....ရဲစခန်းကို ဘယ်နှစ်ကြိမ်ရှိနေပြီလဲ မင်းကိုငါတို့လိုက်ထုတ်ပေးနေရတာ "
Gulfဧည့်ခန်းမှထထွက်လာပေမဲ့ အနောက်ဘက်က ဒယ်ဒီ့ထောပနာအသံတွေကြားနေရပါတော့သည်။
Gulf အခန်းထဲရောက်တော့မွေ့ယာမှာပစ်လှဲချလိုက်လေသည်။ရဲစခန်းရောက်ရတဲ့ပြဿနာကတော့ သူငယ်ချင်းဘက်ကပါရင်းနဲ့ဖြစ်ကြတာပေါ့...
Flash Back 🔙
" ဘာ ! Champ မင်းကောင်မလေးအကိုကပြဿနာရှာနေတယ်ဟုတ်လား "
" အသာလုပ်ပါ Gulfရာ "
" No မင်းဒီတိုင်းပဲ ငြိမ်ခံခဲ့ရလားကွ "
" မခံလို့ရမလား ဟိုက၁၀ယောက်တောင်ငါတို့က နှစ်ယောက်ထဲ ဘယ်လိုနိုင်မလဲမင်းလို ငါတို့ကထိုးကြိတ်နိုင်တာမဟုတ်ဘူးကွ "
" ငါ့ကို လှမ်းဆက်ခေါ်ပါလား လာသွားကြမယ် Champ မင်းကိစ္စကို ငါရှင်းပေးမယ် "
" Gulf ရာ မင်းဝင်မပါနဲ့ ငါဖြေရှင်းပါ့မယ်ငါ့အတွက်နဲ့ ထိခိုက်ဒဏ်ရာမရစေချင်လို့ပါကွ "
သူငယ်ချင်း၃ယောက်ထဲက Gulfတစ်ယောက်သာဘုဘောက်ကျတယ် ဆိုးတယ်တက်တူးတွေ အပြည့်ထိုးထားတယ် သူကကြိုက်တာဆို ဘယ်သူတားတားမရတော့Champ တို့တွေ လက်မြှောက်အရှုံးပေးထားကြတာလေ...
" Champ ငါ့အကြောင်းမင်းသိပါတယ် ငါ့သူငယ်ချင်းတွေကို ထိတဲ့ကောင်တွေဆိုငါက နည်းနည်းလေးမှ လွှတ်မပေးတတ်တာကို သိရဲ့သားနဲ့ "