Unicode
🖤အမုန်းချိုချို အချစ်ခါးခါး🖤
Part-4
Mew တို့ မိုးမမြင်လေမမြင်နဲ့ရယ်မောနေတာကိုတိုင်အကွယ်ကနေချောင်း
ကြည့်နေသူရယ် ဆိုင်တစ်ဆိုင်ထဲမှာ
ကြည့်နေသူရယ်ကိုတော့ သူတို့နှစ်ဦး သတိမထားမိလိုက်ကြဘူးပေါ့..." P'Mew ကျနော် ဒီနေ့အိမ်ပြန်လိုက်မယ်
စကားနားထောင်ပြီးတော့ပေါ့ "" ကိုယ့်ရဲ့ အဆိုးလေးက လိမ္မာတယ် "
" အဆိုးလေးလို့ မခေါ်နဲ့တော့ "
ကားပေါ်ရောက်တော့Gulfပြောလိုက်တာကြောင့်Mewစိတ်ဆိုးလားဆိုပြီးအကဲခတ်ကြည့်တော့...
" ကိုယ်က ဘယ်လိုခေါ်ရမလဲ "
" မောင်လို့ ခေါ်ဗျာ "
" ဟာ...Gulf ဘာလဲ အသည်းယားစရာကြီးကွ "
" ကျနော်က ကိုကိုလို့ခေါ်မယ် "
" ကိုကိုဆိုတာတော့ မင်းကြိုက်သ
လောက်ခေါ်လို့ရတယ် "" လူလည်ကြီးပဲ ကိုကိုရာ "
Gulf ဖြစ်သွားတဲ့ပုံကြောင့် Mew ပြုံးစိစိ
ဖြစ်သွားရလေသည်။" ကိုကို ခင်ဗျား လက်ဆောင်ဘာမှလည်းမဝယ်ပါလား ဒီလိုလုပ်ပါလား "
" ဘယ်လိုလုပ်ရမလဲပြောကြည့် "
" ဟောဒီက ယုန်ထီးရုပ်လေးယူလိုက်နော်မောင်ကယုန်မရုပ်လေးယူမယ်လေ "
" တစ်ကွဲတစ်ပြားစီဖြစ်လို့စိတ်မကောင်း
ဘူးဆို မင်းပဲပြောပြီးတော့ "" အဲ့ဒါ သူစိမ်းတစ်ယောက်ဆီရောက်သွားလို့လေ အခုဟာကျမတူဘူးလေ ကိုကိုနဲ့ကျနော်က ချစ်သူတွေလေ "
" မင်းပဲ စကားအမျိုးမျိုးပြောတယ်မောင်ရာ "
" ဟာ...ကိုကို ဘယ်လိုခေါ်လိုက်တယ် ပြန်ခေါ်ပေးပါဦး "
Mew ပါးစပ်ကလွှတ်ခနဲထွက်ကျသွားတဲ့စကားလုံးလေးက မောင်တဲ့ Gulfကပြန်ပြီးခေါ်ခိုင်းနေပါတော့သည်။
" ဆောရီးကွာ ကိုယ်ယောင်သွားတယ် "
" ဆရာဝန် လူလည်ကြီး "
ဟား....ဟား....
" ကိုကို ဒီအိမ်ပဲ မှတ်ထားနော် ကျနော်ဝင်တော့မယ် ညကျဖုန်းဆက် ကိုကို "