Part-7

222 17 0
                                    

Unicode

🖤အမုန်းချိုချို အချစ်ခါးခါး🖤

Part-7

Mew ဘန်ကောက်လေဆိပ်ကိုရောက်တာနဲ့Gulfဆီကိုဖုန်းတောက်လျှောက်ခေါ်နေပေမဲ့ မကိုင်ပဲဖြစ်နေတော့စိတ်
တွေပူနေမိတယ်လေ။မနေ့ကစျေးဝယ်
ထွက်ပြီးလို့ပြန်လာတာန့ဲဖုန်းခေါ်တော့
မကိုင်တာကြောင့်ပိုပြီး စိတ်တွေပိုပူရတာထက်Gulfအထင်လွဲပြီလားဆိုပြီးပူပန်ရတာပိုဆိုးတယ်လေ။

အိမ်ကိုပြန်လာတဲ့ကားပေါ်မှာUSကကိစ္စတွေကို ပြန်ပြီးစဥ်းစားနေမိတယ်။

Flash Back 🔙

" မာမီ ဟိုမှာ...P'Mew လာပြီ "

" ဟုတ်တယ် သားကြီး "

Mew လေဆိပ်ဝင်လာတာနဲ့မာမီ ဒယ်ဒီ
Roseတို့ လာကြိုတာကိုတွေ့လိုက်ရလေသည်။

" မာမီ၊ဒယ်ဒီ၊ညီမလေး နေကောင်းကြတယ်မလား "

" ကောင်းပါတယ် သားကြီးရယ် "

" P'Mew လည်း Roseကိုပစ်ထားလိုက်တာ ကဲပြောပါဦး ချစ်သူပုံပြလို့ "

" သမီးကိုကြီးက အခုမှပြန်ရောက်တာလေ နောက်မှအေးဆေးမေးလေကွယ် "

" သားကြီးက နေကောင်းပြီးသားနေမယ်ဘာလို့ဆို သားကြီးမျက်နှာအရင်လိုအထီးကျန်တာမျိုး မဟုတ်ပဲ အချစ်တွေပြည့်လျှံနေတာ ဒယ်ဒီမြင်နေရတယ် "

" ဟားးးး ဒယ်ဒီကတော့လုပ်ပြီ "

" ဒယ်ဒီက ငါ့သားပျော်နေရင် ကျေနပ်ပါတယ်ကွကဲသားအိမ်သွားကြတာပေါ့"

Mewတို့ လေဆိပ်ကနေအိမ်ကိုကားလေးဦးတည်မောင်းနှင်လိုက်လေသည်။

ညဘက်ညစာထမင်းဝိုင်းလေးမှာတော့
မိသားစုလေးယောက်ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြပါတော့သည်။

" ကဲပြောပါဦး သားကြီးလက်တွဲဖော်တွေ့့ပြီဆို သူဘယ်သူလဲ "

ထမင်းစားသောက်ကြပြီးနောက်မဆိုင်းမတွမေးလိုက်တဲ့မာမီ့စကားကြောင့်
Mewပြန်ဖြေဖို့ ပြင်ဆင်ရပါတော့
သည်။

" မာမီ ဒယ်ဒီ ကျွန်တော့်ဘဝရဲ့ လက်တွဲဖော်ကို ကျွန်တော်တွေ့ပြီဒါပေမဲ့သူက "

🖤အမုန်းချိုချို အချစ်ခါးခါး🖤Unicode/Zawgyi (Complete) Opowieści tętniące życiem. Odkryj je teraz