Unicode
🖤အမုန်းချိုချို အချစ်ခါးခါး🖤
Part-8 🔞🔞
Gulf မိခင်ဖြစ်သူခွင့်ပြုချက်ကိုရသွားတော့ ပိတ်ရက်၂ရက်ဆို ကိုကို့အိမ်မှာပဲ
အိပ်ခွင့်ပေးတယ်လေ။" မောင် ဘာတွေလိုအပ်သေးလဲ ကိုကိုဘာတွေ အိမ်မှာထပ်ပြင်ဆင်ရမလဲ "
" ဘာမှမလိုဘူးလေ ကိုကိုရာ ဒီအိမ်မှာမောင်နဲ့ အတူ ကိုကိုရှိနေမှာပဲ ကျန်တာမလိုအပ်ဘူး "
" ပြောတတ်လိုက်တာ မောင်ရာ ကဲပါ
ကိုကို ညနေလာမကြိုဖြစ်ရင် မောင်ဆေးခန်းကိုပဲ လာမှာမလား "" အွန်း လာခဲ့မယ် ကိုကို "
ကိုကိုနဲ့စကားတပြောပြော ကားမောင်းနေတဲ့တစ်လျှောက်လုံး လက်မထပ်ခင်အိမ်ထောင်ပရိဘောဂတွေ ထပ်ဖြည့်ဖို့ဆွေးနွေးနေကြရင်း Gulf ကျောင်းကိုရောက်ရှိလာပါတော့သည်။
" ကိုကိုပြန်ရင်ကားကိုသတိထားပြီးမောင်း ရောက်ကြောင်း ဖုန်းဆက်ပေး
ဦး "" ဟုတ်ကဲ့ပါဗျ "
ကားပေါ်ကမဆင်းခင် မောင်မှာနေကျစ
ကားစုလေးပေါ့မရိုးနိုင်အမြဲမှာနေကြ" ကိုကို မနောက်နဲ့အတည်ပြောနေတာ "
" ဟောဗျာ ကိုကိုကနောက်နေတာမှမဟုတ်တာ မောင်ရယ် ကားပေါ်ကမဆင်းခင် မောင်သာ မမေ့နဲ့ "
" သိတယ် မမေ့ဘူး လာဒီနား "
Gulfက သူ့မျက်နှာကိုရှေ့တိုးစေတယ်။နှစ်ယောက်သားမျက်နှာတွေနီးကပ်သွားကြတဲ့အချိန် Gulfကကျွန်တော့်နဖူးပြင်လေးကိုအသာဖိနမ်းလိုက်ပါတော့သည်။
" ကိုကို့ရဲ့ တစ်နေ့တာ Chargerပဲ "
" ဟွန့် အပိုတွေလုပ်နေ ခင်ဗျား သွားပြီ "
Gulf ကားပေါ်ကဆင်းသွားပြီးကျောင်းထဲဝင်သွားတာကိုသေချာကြည့်ပြီးမှMewကားလေး ပြန်ထွက်လာခဲ့ပါတော့သည်။
" ဘာ...ဘယ်လို မင်းနဲ့P'Mew စေ့စပ်မယ်ဟုတ်လား "
ဖြောင်းးးးးး
" ဘောကို အသံလျှော့ကွ "
" အာ...ဆောရီး ဒါဆို မင်းတို့မိဘတွေကသဘောတူတယ်ပေါ့ "