Part-9

178 16 0
                                    

Unicode

🖤အမုန်းချိုချို အချစ်ခါးခါး🖤

Part-9

" ကိုကို အရက်တွေသိပ်မသောက်နဲ့ဦး "

" ဟုတ်ကဲ့ပါဗျ မောင်ရယ် ဒီစကားကိုဘယ်နှစ်ကြိမ်ရှိပြီလဲ မှာနေတာ "

" ကိုကိုကားပြန်မောင်းလာရမှာလေ မောင်စိတ်ပူတယ် တကယ်လို့မမောင်းနိုင်ရင်ကားငှားပြန်လာခဲ့ ကိုကိုရာ "

" ကိုကို မောင့်စကားနားထောင်မယ်ဟုတ်ပြီလား "

" ဒါမှ မောင်အချစ်ဆုံးကိုကို စကားအရမ်းနားထောင်တယ်လေ "

Gulf ကတစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာရတယ်စတွေ့ချိန်တုန်းကခပ်ဆတ်
ဆတ်ကောင်လေးတောင် ပျောက်ဆုံးသွားခဲ့ပါတော့တယ်။

Gulfကို အိမ်ပြန်ပို့ပေးခဲ့ပြီး တွေိ့ဆုံပွဲရှိတဲ့နေရာကိုမောင်းလာခဲ့လေသည်။Gulfကိုမခေါ်ချင်တာက ပွေဖိုင်းလည်းရှိနေတယ်မလိုအပ်ပဲ စိတ်အနှောင့်အယှက်ဖြစ်နေရမှာကို မလိုလားတာကြောင့်ပေါ့...

" ဟေ့ရောင် Mew ငါဒီမှာ "

Lhong ကလက်ထောင်ပြတာကြောင့်
Mewလည်း Lhongရှိတဲ့ဝိုင်းဆီကိုလျှောက်လာခဲ့တော့သည်။

" ဟေးးးးး လာပါပြီ အသစ်စက်စက်သတို့သားလောင်းလေး "

" မင်းတို့ကလည်းကွာ "

" ငါတို့က Gulf တောင်ပါမယ်မှတ်နေတာ
ဘာလဲ မင်းကငါတို့နဲ့စိတ်မချလို့လား "

" ဟုတ်တယ်ကွာ ဟုတ်တယ် ငါဥထားတဲ့အသီးလေးကွ စိတ်မချဘူး "

" Mew ဒီကောင် စောက်ရမ်းချစ်တတ်နေပါလားကွ လူမမြင်ရရင် ဓာတ်ပုံတော့ပြကွာ "

" ဟုတ်တယ် Mew လုပ်လိုက်တော့ "

တစ်အုပ်စုလုံး Mewကို ဝိုင်းပြောကြတော့Mewနဲ့Gulf ရိုက်ထားတဲ့couple ပုံလေးတွေကို ထုတ်ပြလိုက်လေသည်။

" woww Mewမင်းကောင်လေးကအရမ်းမိုက်တယ် ချောတယ်ကွ ဒီကောင်သည်းသည်းလှုပ်တာလည်းမပြောနဲ့လေLhong "

" အေး ငါကအပြင်မှာမြင်ဘူးတော့ပိုသိတယ်ကွ ဒီကောင်Gulfအပေါ်တော်တော်လေး ဂရုစိုက်ပြီး ချစ်တာ အမြင်တောင်ကတ်တယ် "

🖤အမုန်းချိုချို အချစ်ခါးခါး🖤Unicode/Zawgyi (Complete) Onde histórias criam vida. Descubra agora