Part-14

173 17 1
                                    

Unicode

🖤အမုန်းချိုချို အချစ်ခါးခါး🖤

Part-14

လွန်ခဲ့သော ၅မိနစ်ခန့်က

" ကိုကို "

" ဗျာ...ဗျာ့ "

" မောင် ရေခဲမုန့်စားချင်တယ် "

" အိုကေ ဖြစ်စေရမယ် ရှေ့နားမှာဆိုင်ရှိ
တယ် ကိုကို ကားရပ်ပြီး သွားဝယ်လိုက်
မယ် "

" ဟုတ် ကိုကို "

ကားလေးရေခဲမုန့်ဆိုင်မှာရပ်ပြီးMew
တစ်ယောက် ဆင်းဝယ်လိုက်လေသည်။

Mew လက်ထဲမှာ ရေခဲမုန့်ကိုင်ကာကားနားကိုရောက်တော့ ရှေ့ခန်းမှာGulfကိုမ
တွေ့တော့ Mew ကားပတ်ပတ်လည်
န့ဲရှေ့နောကြ ဘေးဝဲယာကို လိုက်ကြည့်မိတယ်။ Gulf အရိပ်အယောင်ကိုမတွေ့မိတော့ Mew ဖုန်းထုတ်ကာGulfကိုဆက်
တော့ စက်ပိတ်ထားသည်တဲ့ Mew ကားကူရှင်ပေါ်က စာခေါက်လေးကိုဖတ်လိုက်တဲ့အချိန်မှာတော့ လက်ထဲကရေခဲမုန့်ခွက်လေး အောက်သို့ပြုတ်ကျသွားပါတော့သည်။

Mewစာကိုအပြန်အပြန်အလှန်ဖတ်
ကြည့်မိနေတယ်။မယုံနိုင်ဘူး Gulf ဒီလိုလုပ်မယ်ဆိုတာမဖြစ်နိုင်ဘူး စိတ်တွေ
ထွေပြားနေမိတယ် ဒါပေမဲ့လည်း တကယ်ပဲGulfကသူ့ကိုနာကျင်အောင်တမင်ဖန်တီးသွားတာလားပေါ့ဆိုပြီး တွေးနေမိပြန်တယ်။စာထဲကအကြောင်း
အရာတွေကတော့....

သို့

P'Mew ကျွန်တော့်ကို လိုက်မရှာပါနဲ့တော့ကျွန်တော်နာကျင်ရသလို P'Mew
ကိုကလဲ့စားချေလိုက်တာပဲကျွန်တော်
P'Mewနဲ့လက်ထပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးဘူး ကျွန်တော့်လိုလူတစ်ယောက်ကိုမေ့ပစ်ဖို့သာ ကြိုးစားပါတော့....

Mew ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အချိန်မှာ လူတစ်ယောက်ကသူ့ကိုလာပုတ်ခေါ်မှ သတိပြန်ဝင်ပါတော့တယ်။

" မောင်ရင် ဒီကားပိုင်ရှင်လား "

" အော်...ဟုတ်..ဟုတ်တယ်ဗျ "

" အန်ကယ့်ဆိုင်ထဲကနေ မြင်လိုက်တယ်
ကားထဲက သူငယ်လေးကို အလိုမတူပဲခေါ်သွားကြတယ်ထင်တယ် အန်ကယ်ကအစကတော့ အသိပဲမှတ်တာ ဒါပေမဲ့သေချာပြန်ကြည့်တော့ မဟုတ်တော့ပြန်ဘူး "

🖤အမုန်းချိုချို အချစ်ခါးခါး🖤Unicode/Zawgyi (Complete) Where stories live. Discover now