Part-6

215 18 1
                                    

Unicode

🖤အမုန်းချိုချို အချစ်ခါးခါး🖤

Part-6

Mewတို့နှစ်ယောက်ချစ်သူသက်တမ်းတစ်လလောက်အကြာမှာတော့မထင်ထားခဲ့တဲ့ကိစ္စတစ်ခုဖြစ်လာပါတော့တယ်။အဲ့ဒါကတော့...

" မောင်ရင် "

Mewထမင်းစားနားချိန်လောက်ရုပ်ခန့်တဲ့လူကြီးတစ်ယောက်ဝင်လာတာကိုတွေ့လိုက်ရတော့...

" ကျွန်တော် ဘာများကူညီရမလဲဗျ အခုချိန်က ထမင်းစားချိန်မလု့ိနားနေတာ "

" အန်ကယ်က Gulf အဖေပါ "

" ဗျာ ! "

Gulf အဖေတဲ့ဘာကိစ္စများလိမ့်ဆိုပြီး
လန့်သွားရပါတော့သည်။စိုးရိမ်ရေအမှတ်ကတော့မြင့်တက်နေပါတော့
သည်။သူတို့နှစ်ယောက်ကို လမ်းခွဲဖို့များလားဆိုပြီးတွေးပူနေရပါတော့
သည်။

" မလန့်သွားပါနဲ့မောင်ရင် အန်ကယ်စကားနည်းနည်းပြောချင်တယ် အဆင်
ပြေမလား "

" ဗျာ...ဟုတ်...ဟုတ်ကဲ့ရပါတယ်ဗျ "

Mew တစ်ယောက်အသံတွေထိန်းပြီးပြောနေပေမဲ့တုန်ယင်နေမိပါတော့သည်

" အန်ကယ့်ကို အချိန်၁၅မိနစ်လောက်ပါပဲအန်ကယ်လည်း အစည်းအဝေးပြန်
သွားစရာရှိသေးလို့ "

" ဟုတ်ကဲ့ အန်ကယ်ခဏနော် "

Mewလည်း ဆေးခန်းခဏနားရန်စန္ဒီ့ကို
ပြောဖို့ပြင်လိုက်လေသည်။

" စန္ဒီရေ ငါ့ကိုအပြင်မှာနာရီဝက်လောက်ခဏရှောင်နေပေးပါ ဆေးခန်းအချိန်ခဏပိတ်မယ် "

" ဟုတ်ကဲ့ ဆရာ "

စန္ဒီတစ်ယောက် ခေါင်းလေးကုတ်ကာဆေးခန်းထဲက ထွက်လာလိုက်ပါတော့
သည်။

" အန်ကယ် ရပြီခင်ဗျ "

ဦးစိုင်လုံရှေ့မှာ ရိုကျိုးစွာထိုင်နေပုံကိုမြင်ရတော့ စိတ်ထဲအလိုလိုကျေနပ်မိသွားရတယ်။ဒါပေမဲ့ သားဖြစ်သူအတွက်အတိအကျသိချင်သေးတော့ မျက်နှာထားကိုတင်းတင်းပဲ ထားထားရလေသည်။

" အန်ကယ် ဘာကြောင့်လာတယ်ဆိုတာကို မောင်ရင် သဘောပေါက်မယ်ထင်တယ် "

🖤အမုန်းချိုချို အချစ်ခါးခါး🖤Unicode/Zawgyi (Complete) Donde viven las historias. Descúbrelo ahora