Part-13

236 18 0
                                    

Unicode

🖤 အမုန်းချိုချို အချစ်ခါးခါး 🖤

Part-13

" ကိုကို မောင်တို့လက်ထပ်ကြရအောင် "

" ဘယ်လို !!!! "

တစ်ယောက်ရင်ခုန်သံတစ်ယောက်ကြားနိုင်လောက်အောင် ရင်တွေအဆက်မပြတ်ခုန်နေပါတော့တယ်။Mew မျှော်လင့်နေတဲ့နေ့ရက်လေး ရောက်လာတော့မယ်လေ....

မွေ့ယာပေါ်မှာအမောဖြေနေကြရင်းမဆိုင်းမတွပြောလိုက်တဲ့စကားကြောင့်
Mew အံ့ဩမိတာအမှန်ပဲ...

" ဟုတ်တယ် ကိုကိုနဲ့ မောင် ခွဲမနေချင်တော့ဘူး ကိုကိုနဲ့အဆက်အသွယ်မရတဲ့
အချိန် ၂၄နာရီတစ်ရက်က မောင့်အတွက်အရမ်းကြာသလိုပဲ "

မောင်ရာဆိုပြီး Mew စိုက်ကြည့်နေမိတယ်သူ့နာမည်လေးက မောင့်ရင်ဘတ်ကနေရာယူထားဆဲ လက်ကတက်တူးတွေဖြတ်ချခဲ့ပေမဲ့ ရင်ဘတ်ကသူ့နာမည်လေးကတော့ရှိနေတုန်းပဲ Mew
လည်း မောင့်ဘက်ကပြောလာတော့ ဘာလို့မူနေရမှာလဲ အမြန်လက်ခံလိုက်ပါတော့သည်။

" မောင်ရယ် ကိုကိုလည်း ထပ်တူပါပဲထပ်ပြီးခွဲမနေချင်တော့ဘူး မောင်နဲ့ဝေးနေချိန်ကရော အခုခရီးသွားတဲ့အချိန်ရော ဝေးနေရတာ ကိုကို့အတွက်မပြေဘူး "

" မောင်ရောပဲ အချိန်ကုန်တာနှေးတယ်လို့တောင်မြင်နေတာ ကိုကို မောင်တို့အမြန်ဆုံးလက်ထပ်ကြမယ်နော် "

" အိုကေ...အိုကေ...အခုတော့ ကိုကိုလုပ်ချင်တာ တစ်ခုရှိတယ် "

" ဟင်...ဘာလည်း ကိုကို "

" ကိုကု့ိကို တစ်ခုတော့လုပ်ပေး ဟောဒီလက်စွပ်လေး ချွတ်ပေး "

Gulf လည်ပင်းမှာဆွဲထားတဲ့လက်စွပ်လေးကို Mewကတောင်းလိုက်ပါတော့တယ်။

" ဒါ...ဒါကလေ... "

" ကိုကို့ကို လမ်းခွဲမယ်ဆိုပြီး စေ့စပ်လက်စွပ်ပြန်မပေးပဲ ယူသွားတာလေး ဟုတ်တယ်မလား "

" အဟီး....ဟုတ်တယ် မောင့်ကိုပဲပြောနေ
တယ် ကိုကိုက မသိမ်းထားတော့ဘူးမ
လား "

" ဘယ်သူက မသိမ်းထားလို့လည်းကွာ "

သူ့ကိုပြောကာ မွေ့ယာကထပြီးဘီရိုနား
ကလျှောက်သွားကာ တစ်ခုခုထုတ်နေတာကိုတွေ့လိုက်ရလေသည်။

🖤အမုန်းချိုချို အချစ်ခါးခါး🖤Unicode/Zawgyi (Complete) Where stories live. Discover now