Unicode
🖤အမုန်းချိုချို အချစ်ခါးခါး🖤
Extra
သားလေး Sun အခုဆိုရင် လူပျိုပေါက်
အရွယ် အသက်၁၅နှစ်ကိုရောက်နေပြီပေါ့ကိုကိုက ၅၀ ကျွန်တော်က ၄၁ နှစ်
ပြည့်ခဲ့ကြပြီလေ။ကိုကိုက အသက်၅၀လို့ မထင်ရလောက်အောင်ကို နုပျိုတက်ကြွနေတဲ့အရွယ်ကြီးဖြစ်နေပါတော့တယ်။ကျန်းမာရေးလည်းလိုက်စားသေးတာ ဘာလို့လုပ်တာမေးတော့ ကိုကို့ပြန်ဖြေပုံကြောင့် Gulfမှာအူတက်အောင် ရယ်ခဲ့ရသေး
တာ...Flash Back 🔙
" ကိုကို အဖိုးကြီး ဘာလို့မိုးလင်းတာနဲ့
Gym သွားသွားဆော့နေရတာလဲ ပွော
ပါဦး "Gulf ခါးလေးထောက်ကာမေးနေတဲ့ပုံကိုအသည်းယားကာ ခါးကနေဆွေ့ခနဲထွေးပွေ့လိုက်ပြီး ပါးနှစ်ဖက်ပေါက်ထွက်သွားအောင် ဖက်နမ်းကာ...
" မောင် တခြားသူကိုမချစ်နိုင်အောင် ကိုကိုက ဒူးကောင်းအောင် သက်လုံတွေကောင်းအောင် ကစားရတာပေါ့ကွ "
ဟားးးးးး
ကိုကို့ပြောစကားကြောင့် ရင်ခွင်ထဲကနေတသိမ့်သိမ့်လှုပ်ခါနေအောင် ရယ်မောနေပါတော့တယ်။
" ကိုကို အဖိုးကြီး ဒါတွေတွေးနေတုန်းလား တရားရှာတော့လေ "
" မောင်က နေ့တိုင်းမြူဆွယ်နေတော့ ကိုကိုက ဘယ်လိုတရားရှာမလဲကွ "
" ကိုကိုနဲ့အတူတူ မောင်ပါတရားရှာမယ်လေ ဘယ်လိုလဲ "
" မောင်ပါ လိုက်မယ်ဆိုရင်တော့ တရားအရင်မရှာသေးဘူး အရင်ဆုံးတောထဲမှာ ကိုကိုနဲ့ မောင် အဟိ... "
" ကိုကို နှာဘူးကြီး လွှတ်ဗျာ..လွှတ် "
" နောက်ကျသွားပြီ မောင် ကိုကိုကချစ်တော့မှာကွ "
" အား...ကိုကို့ "
Falsh End 🔚
" ဟိတ်...မောင် ဘာတွေစဥ်းစားနေပြန်တာလဲ "
ဧည့်ခန်းမှာ ကိုကိုပြန်လာတာကိုစောင့်နေချိန် ပုခုံးကိုလာဖက်ပြီးမေးလာတဲ့
ကိုကို့ကြောင့် Gulf စဥ်းစားခန်းကိုရပ်ပစ်လိုက်ပါတော့သည်။