Unicode Version
ကိုရီးယားမှာ ပထမဆုံးနှင်းတွေကျတဲ့နေ့။
အဲ့နေ့မှာ အမှတ်မထင်ဆုံတွေ့ခဲ့ရတဲ့ ကောင်လေးက ဒီလောက်ထိရင်ထဲကို ဝင်ရောက်လာလိမ့်လို့ ဘယ်သောခါမှ ထင်မှတ်မထားခဲ့မိတာ အမှန်။ဘာလို့လဲလို့ မေးနေစရာပင်မလို။
Park jiminလိုလူမျိုးရဲ့ နှလုံးသားထဲ အမြဲတစေနေရာယူထားနိုင်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တဲ့ ကိစ္စ။
ကောင်မလေးတွေ ထည်လဲတွဲနိုင်သည့် ရုပ်ရှိရေလျှံ စော်ကြည်ဘဲ။Park Groupဟုဆိုလိုက်သည်နှင့် ကိုရီးယားရဲ့ Top3အဆင့်ဝင် ကုမ္ပဏီကြီးဆိုတာ မသိသူမရှိ။
Park Groupရဲ့ တစ်ဦးတည်းသော အမွေဆက်ခံရမယ့် Park jiminသည် ပိုးသားလေးလို နူးညံ့မည့်ပုံထင်ရပေမယ့် ကျောင်းမှာတည်းက ရန်ပွဲတိုင်းကို ရှုံးပွဲမရှိ အနိုင်ပိုင်းလာနိုင်သည်ချည်းပဲ။ကျောင်းတက်တုန်းကလည်း ကျောင်းသားဘဝအပြည့်ရရှိခဲ့သလို
ကျောင်းပြီးတော့လည်း သူ့စိတ်ပါဝင်စားသည့် စီးပွားရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်သူ။Park Jiminတစ်ယောက် နှင်းတွေကိုချစ်မြတ်နိုးသည်ဆိုတာကို ဘယ်သူမှ မသိရှိပေ။ ကျောင်းတုန်းက Fighterတစ်ယောက်ဖြစ်သလို စော်ကြည်ဘဲကြီးဆိုလည်းမမှား။
စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်တော့လည်း တည်ကြည်ဖြောင့်မတ်စွာနဲ့ စည်းကမ်းတင်းကြပ်သူ တစ်ဦးအဖြစ် နာမည်ကြီးလှပေသည်။
အရှိန်ဝါကြီးလှသော Park Jiminဆိုသူကား နာမည်ကြားရရုံဖြင့် စီးပွားလောကထဲမှာ မသိသူမရှိသလောက်ပေ။
ထိုသို့သော လူတစ်ယောက်က အပြစ်ကင်းစင်စွာ ကလေးဆန်စွာနဲ့ နှင်းတွေကို အမြတ်တနိုးရှိနေလိမ့်မယ်လို့ ဘယ်သူမှ တွေးထင်မထားပေ။ခုလည်း ပထမဆုံးကျလာမယ့်နှင်းကို နမ့်ဆန်တာဝါမှာ ကြည့်ဖို့ တစ်ယောက်တည်း ထွက်လာခဲ့တာဖြစ်သည်။
သူလည်းအရောက် နှင်းလည်းအကျနဲ့ ကွက်တိပင်ဖြစ်သည်။ထိုအချိန် နမ့်ဆန်တာဝါမှာ သူ့အပြင် ကောင်လေးတစ်ယောက်လည်းရှိနေခဲ့သည်။ ထိုကောင်လေးကိုကြည့်ရတာလည်း နှင်းတွေကို မြတ်နိုးမည့်ပုံပင်။ နှင်းကျတာကို တမေ့တမောကြည့်နေခဲ့တာမို့ သူရှိနေသည်ကို မသိပေ။
YOU ARE READING
Forever First Snow(FFS)
Fanfictionပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡