Unicode Version
Jungkookနဲ့ သွားတွေ့ဖို့ရာအတွက် အလုပ်တွေကို လက်စသတ် ၊ မန်နေဂျာနဲ့ လွှဲထားလို့ရမယ့်အရာတွေ လွှဲပေးထားခဲ့ခြင်းဖြင့်
Jiminကတော့ အလုပ်ရှုပ်နေလေသည်...။တစ်ဖက်က Jungkookမှာလည်း စိတ်ပင်ပန်း လူပင်ပန်းနေရတဲ့ကြားထဲက
Jimin Hyungလာတွေ့မယ် ဆိုတဲ့ အသိနဲ့တင်
ပျော်ရွှင်မှု အနည်းငယ်ရလာကာ
မျက်နှာလေးလည်း ကြည်ကြည်လင်လင် ဖြစ်လာခဲ့တာ သိသိသာသာပင်..။နိုးထမလာသေးတဲ့ အဖေကို ပြုစုရတာတစ်ဖက်
အမေကို စောင့်ရှောက်ရတာ တစ်ဖက်နဲ့
ထုတ်မပြောပေမယ့်လို့ Jungkook ပင်ပန်းနေသည်မှာ
လူကြည့်ရုံနဲ့ သိသာတယ်..။Jiminလာမယ့်နေ့ကို မျှော်တွေးရင်းနဲ့
ပျော်နေရတာ ....
ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ...Hyungကလည်း အလိုက်သိလွန်းလှတယ်..။
ကိုရီးယားကို ပြန်လာဖို့ ဘယ်လိုမှမဖြစ်နိုင်သေးတဲ့ သူ့ဆီကို အလုပ်တွေပစ်ထားပြီး လာအုန်းမှာ...ကျွန်တော်တော့ Hyungလိုလူမျိုးရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရတာ အရမ်းကံကောင်းတာပဲ..။
"CEO... Rainbow Companyနဲ့ ပူးပေါင်းလုပ်မယ့် Projectအတွက် ဘယ်လိုလုပ်ထားခဲ့မလဲ..."
"နည်းနည်း နောက်ဆုတ်ထားလိုက်..
New Yorkက ပြန်လာမှ လုပ်မယ်..""ဒါပေမယ့် ဟိုဘက်က အလျင်လိုနေပုံပဲ CEO ..."
မန်နေဂျာပြောလာသော စကားကြောင့်
Jiminမျက်မှောင်ကြုတ်လျှက် စဥ်းစားနေသည်..။Rainbowနဲ့က Jiminအဖေ Mr.Parkတို့ လက်ထက်တည်းက တွဲဖော်တွဲဖက်ဖြစ်ခဲ့တာ...
သူ့လက်ထက်ရောက်တော့လည်း ပူးပေါင်းမြဲ ဖြစ်ပြီး Partnerကောင်းတွေ ဖြစ်သည်။ဘာတွေများ အလျင်လိုစရာရှိလို့လဲ..
အေးအေးဆေးဆေး လုပ်လည်း ရတဲ့ဟာကို..စဥ်းစားခန်း ဝင်လို့မှ မပြီးသေး ..
Fatherကြီး ဆီက ဖုန်းဝင်လာခဲ့တယ်..။"Jimin..သား.. ညကျ အိမ်လာခဲ့အုန်း.."
အိမ်မရောက်ဖြစ်တာတောင် ကြာလှပြီပဲ..
YOU ARE READING
Forever First Snow(FFS)
Fanfictionပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡