Unicode Version
Jungkookဆိုသည်မှာလည်း Jeon Groupရဲ့ အငယ်ဆုံးသားလေးဖြစ်သည်။
Jeon Groupမှာ သားနှစ်ယောက်ရှိပြီး အကြီးဆုံးသား Jeon Junghyunက လက်ရှိ Jeon Companyကို ဦးစီးနေသူတစ်ဦးဖြစ်သည်။
မိဘတွေက အားထား စိတ်ချရသူမို့ Koreaအခြေစိုက် Jeon Companyကို သားကြီး Junghyunဆီမှာပဲ လွှဲအပ်ထားခဲ့သည်။
လက်ရှိ Mr.Jeonတို့ လင်မယားကတော့ New Yorkမြို့မှာ နေထိုင်လျှက်ရှိကာ
သားနှစ်ဦးကိုတော့ ကိုရီးယားမှာပဲ စိတ်ချထားခဲ့သည်။သားကြီးက အားကိုးအားထားရသလို သားငယ်ကလည်း အလိမ္မာဆုံးလေးမို့ စိတ်ချလက်ချနဲ့ နိုင်ငံရပ်ခြားမှာ သွားရောက်နေနိုင်ခဲ့သည်။
သားငယ်က အနေအေးပြီး သူဝါသနာပါရာလေးကိုပဲ ရွေးချယ်လုပ်တတ်သည်။
ဥပမာ ပန်းချီဆွဲတာမျိုးပေါ့။
ပါရမီဓါတ်ခံလည်းကောင်းတော့ Jungkookဆွဲလိုက်သည့် ပန်းချီတိုင်းကို ဆရာများ၊ တကယ့် Professional Artistများက မချီးကျူးပဲ မနေနိုင်ကြပေ။
Jungkookက သူငယ်ချင်း အပေါင်းအသင်းလည်း သိပ်မထားဘဲ သီးသန့်နေတတ်သည့်ပုံစံမျိုး။Jeonညီအစ်ကို နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမယ့် ထုတ်ဖော်ပြသည်ကသိပ်မရှိတော့ ညီအစ်ကိုနှစ်ဦးကြား နွေးထွေးမှု သိပ်မရှိဘဲ ဖြစ်နေရသည်။
Junghyunကလည်း Companyတစ်ဖက်နဲ့မို့ ညီငယ်ကို သိပ်ဂရုမစိုက်နိုင်။
Jungkookကတော့ အနေအေးသူဖြစ်တာကတစ်ကြောင်း မိဘတွေနဲ့အဝေးမှာ နေရသည်ကတစ်ကြောင်းနဲ့
နွေးထွေးမှုဆိုတာ သိပ်မရှိဘဲ သီးသန့်နေတတ်သွားပြီး အရှက်သည်းတဲ့ ကောင်လေးဖြစ်လာခဲ့ရသည်။Jungkookက ခုမှ Seoul Universityမှာ ပန်းချီမေဂျာကို အဓိက တတ်ရောက်နေသော ကျောင်းသားဖြစ်သည်။
ပထမဆုံးနှင်းကျခြင်းကို ကြည့်ဖို့ရာ နမ့်ဆန်တာဝါဆီ သွားခဲ့ရာမှာ Park Jiminဆိုသော Hyungနဲ့ ဆုံတွေ့ခဲ့ပြီး Jungkookရဲ့ ဘယ်ဘက်ရင်အုံမှာရှိနေတဲ့ လိပ်ပြာငယ်လေး လှုပ်ခတ်သွားခဲ့ရသည်ကို သူကလွဲပြီး ဘယ်သူ သိနိုင်လိမ့်မလဲ။အရပ်ကမနိမ့်မမြင့်ဆိုပေမယ့် သူ့ထက်တော့ ပုမှာသေချာနေသော Hyungက ဖြူဥနေသည့် အသားအရေနဲ့ နှင်းတွေကြားမှာ အရမ်းလှနေခဲ့သည် မဟုတ်လား။
စတော်ဘယ်ရီသီးလေးလို ချိုမြလှမည့်နှုတ်ခမ်းထူထူလေးကို ကြည့်ရင်း ရင်တွေခုန်မိလို့ ခေါင်းချည်းငုံ့နေခဲ့မိလေသည်။
YOU ARE READING
Forever First Snow(FFS)
Fanficပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡