Unicode Version
Seoulသို့ ပြန်ရောက်ခဲ့ပြီးနောက်
Jimin Hyungနဲ့မတွေ့ ဖြစ်တာ ကြာခဲ့ပြီပဲ.....
" ဟူး ..."Jungkookဘဝကလည်း Jiminနဲ့ ချစ်သူဖြစ်ပြီးမှပဲ သက်ပြင်းတွေတောင် ချနေရပြီ။
Hyungရယ် ရက်စက်လိုက်တာ အလုပ်ရှုပ်နေတယ်ဆိုတာ သိပေမယ့်လည်း ဒီလောက်ထိ ပစ်ထားဖို့တော့ မကောင်းဘူးပေါ့....
တွေးတုန်း ဆွေးတုန်း ရှိသေး... ဝင်လာသည့် ဖုန်းကောလေးကို ကြည့်လိုက်တော့
Jungkookရဲ့ မျက်နှာထက် အပြုံးတစ်ပွင့် ဆင်မြန်းလျှက်သား ...."Hyung......"
ဆွဲဆွဲငင်ငင်နဲ့ ချွဲသံအပြည့်ဖြင့် ခေါ်လိုက်တော့
တစ်ဖက်က ရယ်သံလွင်လွင်လေး ပေါ်ပေါက်လာခဲ့တယ်.."kookieလေး ကိုယ့်ကို လွမ်းနေတာလား.."
"လွမ်းတာပေါ့ဗျာ...Hyungအရမ်းရက်စက်တာပဲ.. "
ဟောကြည့် ဒီကလေးက ဒီလိုတွေတောင်ချွဲတတ်နေပြီလို့ တွေးရင်း
Jiminရင်ထဲ ကြည်နူးမိသည်..."ပြောပါအုန်း ကိုယ်ဘာတွေများ ရက်စက်မိလို့လဲ.."
"Hyungကလေ ဘူဆန်ကပြန်လာပြီးတည်းက ကျွန်တော့်ကို ပစ်ထားလိုက်တာဗျာ ....Hyungနေနိုင်တယ်နော်..."
"ကိုယ်အလုပ်လေး နည်းနည်းလုပ်မိတာကိုကွာ အဆိုးလေးက ... ဆိုးချင်နေပြီလား.."
"မသိပါဘူး...Hyungက လူကို စားပြီးနားမလည် ၊ ဝါးပြီး ထွေးထုတ်လုပ်သွားတာလားလို့ တွေးနေတာ..."
ကြည့်... ငကဲလေးက ပိုပြန်ပြီ ။
စားပြီးနားမလည်တဲ့...
ကိုယ်ကစားတာလား..
သူကစားတာလားဆိုတာကို သိရက်နဲ့ တမင်သပ်သပ်
ငါးဖယ်လှယ်ပြောင်းပြန်လာလုပ်နေတဲ့အဆိုးလေး...."ဒီတော့...ကိုယ့်ကိုအရမ်းလွမ်းနေတယ်ပေါ့....
"လွမ်းတာပေါ့ Hyungကလည်း....
Hyungကျွန်တော့်ကို ပစ်ထားတာလည်း ကြည့်အုန်းလေဗျာ..
Seoulကို ပြန်ရောက်တည်းက မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲပြော...""တစ်ရက်တည်း ရှိပါသေးတယ် ငပိုလေးရယ်..."
"တစ်ရက်ကြီးများတောင်လေ... မတွေ့ရတာ...
ဘယ်လောက်တောင် တွေ့ချင်နေလဲ သိရဲ့လား...."
YOU ARE READING
Forever First Snow(FFS)
Fanfictionပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡