Unicode Version
တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတဲ့အချိန်မှာ အပွင့်လင်းဆုံး ထုတ်ဖော်ပြတာဟာ အကောင်းဆုံးပဲ။
ကိုယ်ချစ်ရတဲ့သူရဲ့ မျက်နှာလေးကိုကြည့်ပြီး ချစ်တဲ့အကြောင်းတွေ ထုတ်ပြရတာ ဘယ်လောက်တောင် ရင်ခုန်စရာကောင်းလိုက်လဲ...
မချစ်ဖူးတဲ့သူတွေကတော့ သိမှာမဟုတ်ဘူး။ အပိုတွေလို့ ထင်ကောင်းထင်လိမ့်မယ်။
အရှက်သည်းလွန်းလှပါတယ်ဆိုတဲ့ သူတောင် Hyungနဲ့ချစ်သူဖြစ်ပြီးတည်းက အရှက်တွေကို ခဝါချထားခဲ့လိုက်ပြီ။
သူနဲ့ ဆန့်ကျင်ဘက် Hyungကတော့ ချစ်ရပြီးမှ ပိုလို့တောင် အရှက်သည်းလာခဲ့တယ်။
ရှက်သွေးကြွယ်နေတဲ့ Hyungရဲ့ပုံစံက ပုံမှန်အချိန်တွေထက် အများကြီး ဆွဲဆောင်မှုပိုရှိတယ်။Jungkookက ပန်းချီဆွဲတဲ့သူလို့ မပြောရဘူး..
အချစ်ပွဲ ဆင်နွှဲနေချိန်မှာ လှလှပပကို
ပုံဖော်တတ်လွန်းတဲ့သူ
ရေးဆွဲတတ်လွန်းလှသူ....ဘယ်လိုဆွဲရင် ဘယ်လောက်ထိလှပတဲ့ ပန်းချီကားဖြစ်လာမလဲဆိုတာ အတတ်သိနေသလို
လှလှပပနဲ့ ပုံဖော်သွားသော သူ့ရဲ့ အချစ်ပန်းချီကားထဲ Jiminဆိုသည်မှာ ဘယ်သောအခါမှ ငြင်းပယ်နိုင်စွမ်း မရှိလောက်အောင်ကို ကျရှုံးရပါတယ်......စတွေ့ထဲက မြတ်နိုးခဲ့ရတဲ့ Hyungရဲ့ နှုတ်ခမ်းဖူးဖူးလေးအား အလိုရှိသလိုသုံးဆောင်ရတဲ့အချိန်က သူ့ကမ္ဘာကြီးကို ပျားရည်လောင်းချလိုက်သလိုပေါ့....
ချိုမြလိုက်သည်ဆိုသည်မှာ တစ်ခါစားသုံးမိလိုက်တာနဲ့ ရပ်တန့်နိုင်စွမ်းတွေ ကင်းမဲ့ရသည်ထိပဲ.....
ပုံမှန်အချိန်တွေမှာ လူကြီးလူကောင်းဆန်သည့် Jiminရဲ့ ပုံစံသည်
Jungkookဖန်တီးနေသော အချစ်ပွဲလေးထဲမှာတော့ ပျောက်ခြင်းမလှ ပျောက်ကွယ်ခဲ့ရပြီး...ရှက်သွေးကြွယ်ဝစွာဖြင့် ရဲရဲလေးဖြစ်နေသည့် ပါးမို့မို့လေး နှစ်ဖက်ရယ်..
စတော်ဘယ်ရီသီးလေးအလား ပုံမှန်အချိန်ထက် စူထွက်နေတဲ့ နှုတ်ခမ်းဖူးလေးရယ် နဲ့
YOU ARE READING
Forever First Snow(FFS)
Fanfictionပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡