Unicode Version
"မေမေ ..."
"သား လာပြီလား..."
ဆေးရုံသို့ Jungkookနဲ့အတူ Jiminပါ လိုက်ပါလာခဲ့သည်။
"မေမေ...ဒီမှာ..Jimin Hyungရောပါတယ်"
"ဟင်..သားJiminက ဘယ်လိုရောက်လာတာလဲကွယ့်"
Jiminကို မြင်လိုက်ပေမယ့် စိမ်းသက်မနေဘဲ တရင်းတနှီး နှုတ်ဆက်လာတဲ့ Jungkookအမေကြောင့်
Jimin အံ့အားသင့်သွားရတယ်။
တကယ်ဆို ခုမှ ပထမဆုံး တွေ့ ဖူးကြတာမဟုတ်လား။"ဟုတ်ကဲ့ဗျ မထင်မှတ်ဘဲ လာဖြစ်သွားတာပါ အန်တီ"
Jimin တခြားနေရာတွေမှာ ဘယ်လောက်ပဲ သတ္တိရှိနေပါစေ။
ခုက သူချစ်ရပါသော Jungkookရဲ့ အမေ မဟုတ်လား။
မတော်ရသေးတဲ့ ယောက္ခမဖြစ်တာမို့ အနည်းနဲ့အများ ထိတ်လန့်မှုတော့ရှိနေခဲ့တယ်။
သူ့ကို သဘောမကျရင် ဘယ်လိုလုပ်ပါ့မလဲလို့ တွေးပူနေတာဆို ပိုမှန်လိမ့်မယ်။
ဒါပေမယ့် အပြုံးများနဲ့ နွေးထွေးစွာ ဆိုလာပေးတဲ့ Jungkookအမေကြောင့် စိတ်အနည်းငယ် အေးသွားရတယ်။"ဟုတ်ပါပြီကွယ်...သားJiminက ချစ်စရာလေးပဲ..
သားတို့အကြောင်း အန်တီသိထားတာမို့ ဘာမှမစိုးရိမ်နဲ့နော်..."ကိုယ့်ပုံစံကြည့်ပြီး တွေးနေတာကို သိနေသည့်အလား ပြောလာတဲ့ Jungkookအမေကြောင့် ရှက်သွားရသေးတယ်။
ဘယ်လို...အန်တီက သူတို့အကြောင်း သိထားပြီးသားဆိုတော့..သေချာပေါက် ယုန်ပေါက်လေး လက်ချက်ပဲနေမှာ..။
သူ့ကို လှမ်းကြည့်လိုက်တော့လည်း
ယုန်သွားလေးတွေနဲ့ လူကို လာဖြီးပြနေသေးတယ်။
တော်တော် သွက်နေတဲ့ ကလေး။
ကိုယ့်မှာတော့ သူ့မိဘတွေကို ဘယ်လို ဖွင့်ပြောရမလဲ တွေးပူနေတာ။
ခုတော့ အားလုံး သိထားပြီးသားတဲ့လေ။မျက်နှာပူလိုက်တာ...။
ဘာပဲပြောပြော ကိုယ်က သူတို့သားကို ချစ်နေတဲ့ လူလေ။
ဘယ်လိုပဲ သဘောတူတယ်ဆိုဆို ကိုယ်တိုင်က မနေနိုင်တော့တဲ့အဆုံး
ချစ်ရသောသူဆီ လိုက်လာရတဲ့အဖြစ်ကို မိဘတွေရှေ့မှာ တွေးပြီး မျက်နှာပူရပါသည်။
![](https://img.wattpad.com/cover/291412388-288-k256006.jpg)
YOU ARE READING
Forever First Snow(FFS)
Fiksi Penggemarပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡