💛FFS 18💜

809 74 2
                                    

Unicode Version

Taehyungရဲ့ ​ကျေးဇူးနဲ့ New Yorkသို့ ​ချော​ချော​မွေ့​မွေ့ ​ရောက်ရှိသွားခဲ့တယ်။

​လေယာဥ်​ပေါ်မှာ တစ်​လျှောက်လုံး အိပ်လိုက်လာခဲ့ပြီး
New Yorkဆင်းရခါနီးမှပဲ နိုးလာခဲ့သူ Jimin..
သူ့ရဲ့ အားသာချက်တစ်ခုက မူး​နေ​တုန်း ဖြစ်ခဲ့တဲ့ အရာအားလုံးကို တစ်ခုမကျန် မှတ်မိ​ခြင်းပဲ။
ချစ်လှစွာ​သော Taeရဲ့ လုပ်ရပ်ကြောင့် သူ့မျက်နှာထက် အပြုံး​ပန်းတစ်ပွင့် ဆင်မြန်းလိုက်သည်။

သိပ်ချစ်ဖို့​ကောင်းတဲ့ ငါ့သူငယ်ချင်းကြီး...

​လေဆိပ်ဆင်းမှပဲ Taeဆီ ဖုန်းဆက်ရအုန်းမယ်။
ဘယ်ချိန်မဆို သူ့​ပျော်ဖို့ပဲ ​တွေး​ပေးတတ်တဲ့ Taeဆိုတဲ့ လူသား​လေးဟာ သူ့အတွက်​တော့ ဘုရား​ပေးတဲ့ဆုလာဘ်​ပဲ။

မကြာခင်အချိန်မှာ ​လေယာဥ်ဆင်းသက်ခဲ့ပြီဖြစ်တာမို့
အိတ်​ရွေးစရာရှိတာ ​ရွေးပြီး Taeဆီဖုန်း​ခေါ်လိုက်တယ်။

"Taehyung..ငါ​ရောက်ပြီ.."

"ဒီကကိစ္စ​တွေ ဘာမှပူမ​နေနဲ့ မင်း ဖားသားကြီးက အားလုံးတာဝန်ယူထားမယ်တဲ့ .."

"Taehyung..မင်းသွား​ပြောလိုက်တာလား.."

"ငါ​ပြောစရာ​တောင် မလိုဘူး.. မင်းဖားသားကြီးက အကုန်သိ​နေတာ..
ငါလည်း မင်းအ​ဖေတို့အိမ်သွားပြီး အကျိုး​ကြောင်းရှင်းပြပြီး Companyကိစ္စ​တွေ အကူညီ​တောင်းမယ်​ပေါ့...
ဟို​ရောက်​တော့ မင်းအ​ဖေက သူအားလုံးလုပ်ထား​ပေးမယ်..
​​​​စိတ်ဖြောင့်​ဖြောင့်နဲ့သာ အလွမ်းသယ်ခဲ့လို့ ​ပြောလိုက်တဲ့....
မင်းအ​ဖေက​တော့ တကယ်ကွာ မင်း​ကို အမြဲ​စောင့်ကြည့်​နေတာ ထင်တယ်"

ဒီလိုကျလည်း ချစ်ဖို့​ကောင်းလိုက်တဲ့ ငါ့အ​ဖေပဲလို့ ​တွေးလိုက်မိတယ်။
သူအဆင်မ​ပြေ​နေတာ အ​ဖေသိ​နေတာပဲ။
သူ​ကြေကွဲ​နေတာ​တွေလည်း အ​ဖေသိတယ်။
အ​ဖေက​တော့ တကယ် မသိတာမရှိဘူးပဲ။
တစ်ဇွတ်ထိုး လုပ်ချင်စိတ်​လေးသာ မရှိရင် ပိုချစ်ဖို့​ကောင်းမှာ..

"​ကျေးဇူးပါTaehyungရာ မင်း​ကြောင့်သာ မဟုတ်ရင် ငါ...​​​. ငါ"

"​တော်ပြီ...ဆက်မ​ပြောနဲ့​တော့ ....
​အေး​ဆေးသာ အလွမ်း​ဖြေခဲ့ ဟုတ်ပြီလား.."

Forever First Snow(FFS)Where stories live. Discover now