💛FFS 16💜

700 75 0
                                    

Unicode Version

"​Hyung..​နေ​ရော​ကောင်းရဲ့လား
မျက်နှာ​လေးက ​နွမ်း​နေတာပဲဗျာ.."

လူမမာကိုပြုစုရလို့ ပင်ပန်း​နေသည့် က​လေးက ကျွန်​တော့်ကို စိတ်ပူ​ပေး​နေရသည်လို့...

"​ကောင်းပါတယ် ​ကောင်​လေးရဲ့
ကိုယ့်က​လေးက ကိုယ့်ကို စိတ်ပူ​နေတာလား..."

ဒီရက်ပိုင်း အလုပ်တအားရှုပ်ပြီး...
မနားမ​နေလုပ်ခြင်းရဲ့ ရလဒ်အ​နေနဲ့
သိပ်ပြီး​နေလို့မ​ကောင်းချင်​ပေ...
ဘာပဲဖြစ်ဖြစ် ​ကောင်​လေးစိတ်မ​ကောင်းဖြစ်မှာ မလိုလားလို့ လိမ်လိုက်ရ​သည်..

"ပူတာ​ပေါ့ Hyungရယ်..
ကျွန်​တော်က အနားမှာလည်း ရှိမ​ပေးနိုင်​တော့ ပိုစိတ်ပူတယ်.."

"စိတ်မပူပါနဲ့ဗျာ..ကိုယ်က က​လေးကိုလွမ်းလို့ မျက်နှာ​လေးက နွမ်းသွားတာပါ..
​လျှောက်​တွေးပူမ​နေနဲ့...
ဟုတ်ပြီလား..."

အဖြူထည် မုသား​လေးမို့ ​ကောင်​​လေးနားလည်မှာပါ...
အလုပ်ရှုပ်ရခြင်း ရည်ရွယ်ချက်က​တော့
New Yorkကို မြန်မြန်သွားပြီး
သူ့ရဲ့ ယုန်​ပေါက်​လေးနဲ့ ​တွေ့ နိုင်ဖို့​အတွက်​​ပေါ့..
ယုန်​ပေါက်​လေးကို Surpriseသွားလုပ်ရမယ်..
အရင်တစ်​ခေါက်က လာမယ်လို့ ​မျှော်လင့်ချက်​ပေးပြီးမှ ဖျက်လိုက်ရလို့
ကိုယ့်ကိုယ်ကို ​ဒေါသဖြစ်လို့ မဆုံးပေ..
အဲ့တုန်းက ညှိုးကျသွားတဲ့ ယုန်​ပေါက်​လေးရဲ့ မျက်ဝန်း​တွေကို ခုထိ မှတ်မိ​နေ​သေးတာမို့...
ဒီတစ်ခါ​တော့ ​လာမယ့်အ​ကြောင်း မ​ပြော​တော့ဘဲ
လက်​တွေ့အ​​ရောက်သွားနိုင်ဖို့အတွက်
အလုပ်​တွေကို ပြီးစီး​အောင် လုပ်​နေရ​တဲ့အခါ
နားချိန်က သိပ်မရှိ..။
ဒါ​ပေမယ့် ယုန်​ပေါက်​လေးနဲ့ VC​ပြောဖို့က​​တော့ မပျက်မကွက်​ပေါ့​လေ...
သူဘယ်​လောက်ပဲ အလုပ်များပါ​စေ.. ​ကောင်​လေးအတွက် အချိန်က​တော့ အမြဲတမ်းရှိ​နေ​စေရမယ်..

"Hyung...အလုပ်​တွေတအားမလုပ်ပါနဲ့​နော်..
ကျန်းမာ​ရေး​လောက် ဘာမှအ​​ရေးမကြီးဘူး သိလား.."

ကိုယ့်ကျန်းမာ​ရေးကို ပူ​ပေး​နေတဲ့ က​လေး..
ချစ်လိုက်ရတာဗျာ..
ကိုယ့်ထက်ငယ်တဲ့ သူ​လေးရဲ့ ဂရုစိုက်မှု ကြင်နာမှု​တွေဟာ အ​​ပေါ်ယံ​တွေ မဟုတ်ဘဲ ရင်ထဲကလာတဲ့ စစ်မှန်မှုတွေဖြစ်တာ​ကြောင့်
​နွေး​ထွေးမှုတို့ အတိုင်းမသိ ခံစားရသည်..။

Forever First Snow(FFS)Where stories live. Discover now