Unicode Version
"Jimin Hyung လာကြည့်တာလား"
"အင်း ဆုကြေညာပြီလား"
"ခု ကြေညာတော့မှာ Hyung"
သူတို့ပြောပြီးဆို အကဲဖြတ်ဒိုင်များရဲ့ အမှတ်နဲ့ ကြည့်ရှူ့သူပရိတ်တို့ရဲ့အမှတ်ပေါင်းပြီး Winnerဆုရှင်ကြေညာလိုက်ရာ
ဘယ်သူဖြစ်နိုင်ပါ့မလဲ။
သေချာပေါက် သူ့ရဲ့ယုန်ပေါက်လေးပဲပေါ့။
ပြိုင်ပွဲဝင် ပန်းချီအားလုံးကို ကြိုက်စျေးပေး ဝယ်ယူနိုင်ရာမှာ Jungkookရဲ့ အဖိုးတန် ပန်းချီကားလေးကို Park Jiminသည် $6000 တန်ဖိုးပေးကာ အရယူခဲ့လေသည်။
တက်သစ်စ ပြီးတော့ ခုမှ ကျောင်းသားပဲရှိသေးတဲ့ Winnerဆုရှင်လေးရဲ့ ပန်းချီကားကို $6000ပေးဝယ်ယူသည့် Park Jiminကို ပွဲရှိလူတွေလည်း တအံ့တသြ ။
Jungkookသည်လည်း မျက်လုံးလေးပြူးလျှက်။"Hyung စျေးကမများလွန်းဘူးလား
အဲ့လောက်မပေးလည်းရတာကို"
မျက်လုံးဝိုင်းများဖြင့် ကပ်စီးနဲ ယုန်ပေါက်လေး ပြောလာသည်ကို"ဒီထက်တောင်ပေးရအုန်းမှာ ကိုယ့်အတွက် ဒီပန်းချီကားလေးက အဖိုးမဖြတ်နိုင်ဘူးလေ"
Jimin Hyungပြောလာသည့် စကားကြောင့် ရင်ထဲမှာ ကြည်နူးမှုက အတိုင်းအဆမရှိ။
ပွဲပြီးလို့ ပြန်ကြတဲ့ခါ Jimin Hyungက သူလိုက်ပို့မယ်လို့ ဆိုလာလို့ Min Junကိုနှုတ်ဆက်ခဲ့လိုက်သည်။
တစ်ဖက်က Min Junသည်လည်း ပြန်ခါနီးမှပဲ သူ့ကို နှုတ်ဆက်ဖို့ သတိရသွားသော သူငယ်ချင်းကောင်းကြီး Jungkookကို တရားကျစွာကြည့်နေလေသည်။ပွဲမစခင်တုန်းကမှ သူနဲ့ ပန်းချီကားတွေကြည့်၊ ဒီပန်းချီကဘယ်လို ဟိုပန်းချီကဘယ်လိုဖြင့် သုံးသပ်ချက်တွေပေးကာ ဟုတ်နေသေးသည်။
သူ့Jimin Hyungလာတာနဲ့ပဲ သူ့ကို ရှိတယ်တောင် ထင်တော့သည်မဟုတ်။
ဒီပြိုင်ပွဲ မှာ သူလည်း ဒုတိယဆု ရသွားသည်ကိုပင် ဒီကောင်သိမယ်မထင်။
Jimin Hyungလည်း ဘာထူးလဲ။
ခုမှလက်သစ်ကျောင်းသားလေးရဲ့ ပန်းချီကိုတောင် တကယ့် ပန်းချီပညာရှင်များရဲ့ ပန်းချီကားတန်ဖိုးအလားပေးပြီး အရယူသွားသေးသည်။
အဲ့လောက်ထိမပေးလည်း ရနိုင်တဲ့ဟာ။
ပိုကိုပိုလွန်းတဲ့ နှစ်ယောက်ကိုကြည့်ကာ သူ့စိတ်ထဲတင် ဆဲရေးလိုက်သည်။
အပြင်တော့ သွားမဆဲရဲပါဘူး။
Jungkookကလည်း လူကောင်ကြီးပြီး ဗလနဲ့ ဟို သူ့လူJimin Hyungကလည်း လူသာသေးတာ လက်စကသေးမယ့်ပုံမပေါ်။
ဘေးလူတွေ ကြည့်ရင်တောင် သိသာနေတဲ့ အချစ်တွေကို ကာယကံရှင်နှစ်ယောက်က ဘာတွေလုပ်နေမှန်းမသိ။
အလကား အချိန်တွေဆွဲနေတယ်လို့ပဲ Min Junကတော့ တွေးမိသည်။
အချစ်တွေကို ဖွင့်ဟလိုက်ကြပါတော့လား။
သူတို့အကြောင်း တွေးနေရင်းဖြင့်
မကောင်းတတ်လို့ လာနှုတ်ဆက်ပြီး ထွက်သွားသည့်နှစ်ယောက်ကို Min Junတစ်ယောက် ကြည့်ပြီး အားကျမနာလိုဖြစ်နေလေသည်။
အိမ်ပြန်လမ်းတစ်လျှောက် ကားပေါ်မှာ Jiminနဲ့ Jungkook နှစ်ယောက်သား စကားဖောင်ဖွဲ့ကာ ပြောနေသည်။
ကားနောက်ခန်းမှာတော့ ပွဲအတွင်း $6000ပေး၍ အရယူလာနိုင်ခဲ့သော ကျကျနနထုတ်ပိုးပြီးသား
အဖိုးတန်ပန်းချီကားလေးက နေရာယူထားသည်။
![](https://img.wattpad.com/cover/291412388-288-k256006.jpg)
YOU ARE READING
Forever First Snow(FFS)
Fanfictionပထမဆုံးနှင်း အမြတ်နိုးရဆုံးမင်း ထာဝရအတွက် တည်ရှိနေမယ့်ကိုယ် ♡13.11.2021~19.12.2021♡