ep 1 (U)

179 16 0
                                    


အလင်းတစ်ဝက်၊ အမှောင်တစ်ဝက် ဖြစ်နေသော တိတ်ဆိတ်ကျဥ်းမြောင်းသည့် လျှောက်လမ်းတစ်ခုတွင် ခြေသံတစ်သံသည် စက္ကန့်တံရွေ့လျားသည့်စည်းချက်အတိုင်း ခပ်မှန်မှန်လေး ထွက်ပေါ်လာလေသည်။
ထိုခြေသံပိုင်ရှင်မှာ white boot နှင့် white suit အား သပ်ရပ်ကျနစွာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး ဘေးနှစ်ဘက်ရှိ နံရံများက အပေါ်ဘက်တွင် ထိကပ်နေ၍ တြိဂံပုံစံဖြစ်နေသော လျှောက်လမ်းထဲသို့ တစ်ဦးတည်း အေးဆေးစွာ လှမ်းဝင်လာခြင်းဖြစ်သည်။

လျှောက်လမ်းဆုံးသည့်အခါ ရှေ့တည့်တည့်တွင် ရှိနေသော နံရံပေါ်သို့ ထိုအမျိုးသား၏ လက်ဖဝါးဖြင့် ဖိနှိပ်လိုက်ချိန် နံရံတစ်ခုလုံး
ဇကာကွက်သဏ္ဍာန် လေဆာရောင်ခြည်များ ပေါ်ထွက်ပြန့်နှံ့သွားပြီး တီခနဲတစ်ချက်မြည်၍ ထိုနံရံဟာလည်း ဘေးသို့ရှဲကာ ပွင့်ဟသွားလေသည်။

ထိုအခါ white suit ဝတ်ဆင်ထားသည့် အမျိုးသားက ပွင့်ဟသွားသော နံရံနောက်က
အခန်းထဲသို့ ဝင်သွားလိုက်သည်။

ထိုအခန်းမှာ အပေါ်/အောက်၊ လေးဘက်လေးလံတွင် မှန်သားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး မှန်သားအကာအရံများ၏ အပြင်ဘက်က မြင်မြင်သမျှ မြင်ကွင်းအားလုံးသည် အလွန်တရာနက်ရှိုင်းသော အမည်းရောင်လွင်ပြင်ကျယ်ကြီးတစ်ခုသာ ဖြစ်နေပေသည်။

ထိုအမည်းရောင်လွင်ပြင်ကြီးထဲတွင်
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ကြယ်များကို နေရာအနှံ့တွင် တွေ့နေရပြီး၊
တစ်ချို့နေရာတွေမှာတော့ ရှည်လျားကျယ်ပြန့်သော ကြယ်အစုအဝေးများကို အရောင်အသွေးစုံလင်စွာ၊ ပုံစံမျိုးစုံဖြင့် တွေ့မြင်နေရသည်။

white suit နှင့်အမျိုးသားသည် Telescope တစ်ခုနှင့် စားပွဲခုံတစ်ခုရှိသော
အခန်းထောင့်ဘက်သို့ လျှောက်သွားလိုက်ပြီး သူ့လက်ထဲတွင် ကိုင်ဆောင်လာသော
စာအုပ်ကို စားပွဲပေါ်ချကာ telescope ရှေ့တွင် ခြေစုံရပ်လိုက်သည်။
ပြီးနောက် telescope မှန်ပြောင်းဝတွင် မျက်နှာအပ်ကာ မှန်ခန်းအပြင်ဘက်ရှိ
အာကာသလွင်ပြင်ကျယ်ကြီးထဲက တစ်နေရာသို့ ရှေးရှု၍ ကြည့်နေလေသည်။

Worldwide Pandemic [ Eden Contest ]Where stories live. Discover now