ep 3 (U)

60 11 3
                                    

" ဒီမှာပဲ၊ ဒါက အသုံးမပြုဖြစ်တော့တဲ့ ဆေးဝါးလက်ကျန်တွေနဲ့ အန္တရာယ်ရှိတဲ့
စွန့်ပစ်ပစ္စည်းတွေအားလုံးကို မီးရှို့ဖျက်ဆီးတဲ့ မှန်လုံခန်းပဲ "

" ဝိုး.... ဒါက တကယ် ကျည်ကာမှန်တွေနဲ့ ဆောက်ထားတာလား "

ကိုယ့်မျက်စိရှေ့မှာရှိနေသည့် မှန်လုံခန်း၏ မှန်သားပြင်ကို လက်နဲ့ အသေအချာ ပွတ်ကြည့်ပြီး မယုံကြည်နိုင်စွာ တအံ့တသြ ပြန်မေးမိတော့ ခေါင်းဆောင်လီက ခေါင်းညိမ့်ပြီး ဖြေသည်။

" ဒါပေါ့.. မီးအပူရှိန်ကို ကျည်ကာမှန်ကပဲ ခံနိုင်ရည်ရှိတာလေ၊ ပြီးတော့ မီးရှို့လိုက်လို့ ထွက်လာတဲ့မီးခိုးငွေ့တွေက ပတ်ဝန်းကျင်လေထုကို အဆိပ်အတောက်ဖြစ်စေတယ်၊
ဒါကြောင့် မီးခိုးငွေ့တွေကို ဒီမှန်လုံခန်းထဲမှာပဲ ပိတ်လှောင်ပြီး မျက်နှာကျက်မှာတပ်ထားတဲ့ ရေပိုက်တွေကတဆင့် ရေဖြန်းပြီး ပြန်ဖယ်ရှားပစ်တာ "

" ဝိုး... မိုက်လိုက်တာ "

ကျည်ကာမှန်တွေ ပတ်ပတ်လည်ကာရံပြီး
သေချာ လုံခြုံခိုင်ခံ့အောင် ဖွဲ့စည်းတည်ဆောက်ထားသည့် မှန်လုံခန်းကိုကြည့်ကာ ဂျီမင် သဘောအကျကြီးကျပြီး တဝိုးဝိုးဖြစ်နေမိသည်။
ထိုကျည်ကာမှန်တွေကို တွေ့တော့ ဂျီမင့်ကို
ကျည်ကာမှန်တွေ ထိုးခွဲနိုင်အောင် လေ့ကျင့်ဖို့ ပြောခဲ့ဖူးသည့် ပရော်ဖက်ဆာဂျောင်ကို
သတိရမိပြန်သည်။

မဖြစ်နိုင်တာကိုမှ လုပ်ခိုင်းတတ်သည့်
ကပ်သီးကပ်သပ်နိုင်လွန်းတဲ့ လူကြီးပေါ့။

" ငါ လုပ်စရာရှိသေးလို့ ဟိုဘက်ခဏသွားလိုက်ဦးမယ်၊ မင်း ဘယ်မှလျှောက်မသွားဘဲ
ဒီမှာပဲ နေနော်.. ပရော်ဖက်ဆာဂျောင်က
အပြင်ပိုင်း လုံခြုံရေးဝန်ထမ်းတွေကို အထဲဝင်ခွင့် မပေးထားဘူး.. မင်းကိုတွေ့ရင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်..
ငါ အမြန်ပြန်လာခဲ့မှာမို့ ဒီမှာပဲ စောင့်နေ "

" ဟုတ်ကဲ့၊ သိပါပြီခင်ဗျ "

ခေါင်းဆောင်လီက သူ့ဦးထုပ်လျှာထိုးကို လက်နဲ့အုပ်ကိုင်ပြီး ခပ်ငိုက်ငိုက်စောင်းကာ မလှမ်းမကမ်းမှာရှိသည့် ဂိုထောင်ခန်းထဲသို့
ခပ်သွက်သွက် ဝင်သွားသည်။
ဂျီမင်လည်း မှန်လုံခန်းရှေ့မှာ ရပ်ကျန်ခဲ့ရင်း
ဘယ်နှင့်ညာကို ဟိုကြည့်ဒီကြည့်လုပ်နေမိသည်။

Worldwide Pandemic [ Eden Contest ]Where stories live. Discover now