ep 5 (Z)

10 3 0
                                    

" အမေ.. ကျွန်တော် အောက်ဆီဂျင်အိုးရလာပြီ၊ ခဏလေးနော်.. ခဏလေးပဲ သည်းခံပေး.. ဦးလေးကြီး.. ဒါက ဘယ်လိုလုပ်ရတာလဲ "

ဂျီမင် အောက်ဆီဂျင်အိုးကို ကုတင်ဘေးချပြီးခါမှ အသုံးပြုပုံမသိတာကြောင့် ခုနက ပိုက်ဆံချေးပေးလိုက်သည့် ဦးလေးကြီးကိုပဲ အော်ခေါ်မိပြန်သည်။
ထိုဦးလေးကြီးကလည်း ခပ်မြန်မြန် ပြေးလာပြီး အိုးအပေါက်ဝကာ စက်ဝိုင်းပုံအရစ်ကို လှည့်ဖွင့်ကာ ပိုက်တံနဲ့သွယ်တန်းပြီး အောက်ဆီဂျင် လေခွက်ကို အမေ့နှာခေါင်းပေါ် အုပ်တင်ပေးလိုက်သည်။

ဂျီမင်လည်း ဘေးကရပ်ကြည့်ရင်း အေးစက်နေသည့် အမေ့လက်ဖဝါးတွေကို ခပ်တင်းတင်းဆုတ်ကိုင်ကာ နွေးသွားအောင် ပွတ်ပေးနေမိသည်။

" အမေ.. ဘာမှမဖြစ်တော့ဘူးနော်.. အခု ဘာမှမဖြစ်တော့ဘူး "

ဂျီမင် အခုမှ စိတ်အေးပြီး သက်ပြင်းချနိုင်ကာ အမေ့နဖူးပေါ်က ချွေးစက်တွေကို လက်နဲ့ အသာအယာသုတ်ပေးရင်း ပြောလိုက်သည်။
အမေ့နှာခေါင်းပေါ်က အောက်ဆီဂျင်ခွက်ဟာ လေအဝင်အထွက်ကြောင့် အငွေ့ရိုက်ပြီး ဖြူဖွေးလာသည်။

အမေကလည်း မောဟိုက်ခဲယဉ်းစွာ ကြိုးစားပန်းစား အသက်ရှူနေရင်းနဲ့မှ ရင်ဘက်က အပေါ်ကို မောက်တက်လာပြီး ပါးစပ်ဟကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ပြီးတော့ ရင်ဘက်က အောက်ပြန်ကျကာ ပါးစပ်ဟလျက်ပဲ ငြိမ်သက်သွားသည်။

" အမေ.. "

ရုတ်တရက်ငြိမ်ကျသွားသည့် အမေ့ကိုကြည့်ကာ ဂျီမင် ကြောင်တောင်တောင် ဖြစ်သွားပြီး အမေ့လက်ကို လှုပ်ကိုင်နှိုးမိသည်။

" အမေ.. အမေ ဘာဖြစ်တာလဲ.. လာကြပါဦး.. အမေ ဘာဖြစ်သွားတာလဲ မသိဘူး "

ဂျီမင် အထိတ်တလန့်နဲ့ အော်ဟစ်လိုက်တော့
တစ်ဘက်ကုတင်မှာရှိနေသည့် ဆရာဝန်နဲ့ နာ့စ်မက အပြေးအလွှားရောက်လာသည်။
ပြီးတော့ ဆရာဝန်က နားကြပ်ပြားကို အမေ့ရင်ဘက်ပေါ်တင်ကာ တစ်ချက်နှစ်ချက်စမ်းရင်း ချက်ချင်းပဲ မျက်နှာအမူအယာ ပြောင်းသွားပြီး နားကြပ်ပြားကို အမေ့ရင်ဘက်ပေါ်က ပြန်ဖယ်လိုက်သည်။

Worldwide Pandemic [ Eden Contest ]Where stories live. Discover now