ep 7 (U)

144 11 6
                                    

" နောက် ဘာဆက်ဖြစ်သွားလဲ "

" မင်းက ဘာကိုသိချင်တာလဲ "

ဆရာ့မေးခွန်းကြောင့် ဆော့ဂျင် တွေဝေသွားပြန်သည်။
ဆော့ဂျင် ဘာကိုသိချင်တာလဲ....။
တစ်ယောက်က သေဆုံးသွားပြီး ကျန်နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုဖြစ်သွားလဲဆိုတာကို သိချင်တာလား။
ဒါတွေသိရတော့ရော... ဘာများ အသုံးဝင်နိုင်မှာမို့လို့လဲ...။
ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဓိက ဇာတ်ကောင်က သေဆုံးသွားပြီပဲဟာ...။
ထပ်သိဖို့လိုသေးလို့လား။
သိဖို့ကြိုးစားရင် ထပ်ပြီး ကြေကွဲရရုံပဲရှိမှာပေါ့။

" အဲ့ဒီဗိုင်းရပ်စ်... "

ဆော့ဂျင် ပြောရင်းနဲ့ ဆရာ့မျက်နှာကို မော့ကြည့်လိုက်သည်။

" ကင်းရှင်းသွားလား "

" အင်း "

ဆော့ဂျင်ရဲ့မေးခွန်းက အမှန်တကယ် မေးသင့်မေးထိုက်တာဖြစ်မယ်ဟု တွေးလိုက်သည်။
ဆရာကလည်း ဆော့ဂျင် ဒီမေးခွန်းကိုပဲ မေးဖို့ မျှော်လင့်ထားမှာပါ။

" ပရော်ဖက်ဆာဂျောင် ထားခဲ့တဲ့ ကာကွယ်ဆေးဖော်စပ်နည်းအတိုင်း..
ပရော်ဖက်ဆာမင်က ကြိုးစားဖန်တီးခဲ့တယ်.. ကာကွယ်ဆေး အောင်မြင်တာကြောင့်
ဗိုင်းရပ်စ်လည်း တဖြည်းဖြည်း ကင်းရှင်းပျောက်ကွယ်သွားတယ်၊
ဒါပေမဲ့... ကမ္ဘာ့လူဦးရေ လေးဆယ်ရာခိုင်နှုန်းကတော့ လျော့ပါးသွားခဲ့ရတာပေါ့ "

" ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့ "

ဆော့ဂျင် ထိုစကားကို စိတ်ရင်းအမှန်နဲ့ မပြောနိုင်ခဲ့ပါ။
ဘာကို တော်သေးတာလဲ..။
လူနှစ်ယောက်ရဲ့ ဇာတ်လမ်းကိုပဲ သိမြင်ခဲ့ရတာတောင်မှ ဒီလောက်ထိ ခံစားခဲ့ရတာ...
ကျန်ရှိနေသေးတဲ့ လူပေါင်းများစွာရဲ့ ဇာတ်လမ်းတွေကိုပါ သိမြင်ခဲ့ဦးမယ်ဆိုရင်...
ဆော့ဂျင် အခုလို ရပ်တည်နိုင်စွမ်းရှိပါဦးမလား...။

" မင်းရော "

ဆရာက စကားအစပျိုးတော့ ဆော့ဂျင် ခေါင်းငိုက်စိုက်ချနေရာမှ ပြန်မော့ကြည့်လိုက်သည်။

" ဗိုင်းရပ်စ်တီထွင်ဖို့ ဆုံးဖြတ်ချက်က...
တကယ်ပဲ မင်းဆန္ဒအမှန်လား "

Worldwide Pandemic [ Eden Contest ]Where stories live. Discover now