ep 4 (U)

39 10 0
                                    

" ဟိုဆော့ "

" တံခါးခေါက်လေကွာ "

တံခါးဖွင့်ပြီး အခန်းထဲ ဇွတ်တရွတ်ဝင်လာသည့် ယွန်ဂီကြောင့် မှန်ပြတင်းပေါက်နားမှာရပ်ကာ အပြင်ကို လှမ်းကြည့်နေသည့် ဟိုဆော့လည်း ရုတ်တရက်လန့်ပြီး လှည့်ငေါက်လိုက်သည်။

" ငါက တံခါးခေါက်ဖို့လိုသေးလို့လား "

ပြောရင်းနဲ့ စားပွဲရှေ့က ထိုင်ခုံမှာဝင်ထိုင်တော့ ဟိုဆော့လည်း ပြတင်းပေါက်နားမှ လှည့်ထွက်လာပြီး မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

" ဘာလုပ်နေတာလဲ "

" ဘယ်ကပြန်လာတာလဲ "

နှစ်ယောက်သား တပြိုင်တည်း မေးခွန်းထုတ်လိုက်ကြပြီး မျက်နှာတည်တွေနဲ့ စက္ကန့်ပိုင်းမျှ စိုက်ကြည့်နေခဲ့ကြသည်။

ယွန်ဂီက ထိုင်ခုံမှ ထသွားပြီး ဟိုဆော့ ရပ်ကြည့်နေခဲ့သည့် ပြတင်းပေါက်နားသွားကာ အပြင်ကို လှမ်းငုံ့ကြည့်လိုက်သည်။
တံမြက်စည်းတစ်ချောင်းကိုင်ပြီး ကြွေကျပြန့်ကျဲနေသည့် သစ်ရွက်ခြောက်တွေကို လှည်းထုတ်နေသော ဂျီမင့်ကို တွေ့လိုက်ရချိန်မှာ မဲ့ပြုံးတစ်ချက်ပြုံးရင်း ဟိုဆော့ကို ပြန်လှည့်ကြည့်လိုက်သည်။

" ထင်တဲ့အတိုင်းပဲ.. မင်း သူ့ကိုကြည့်နေတာကိုး... "

" ပိုးကြေးပန်းကြေးအနေနဲ့ ဘာဂါသွားပေးလာတာ အဆင်ပြေခဲ့ရဲ့လား "

ဟိုဆော့လည်း မျက်နှာတည်နဲ့ မေးငေါ့မေးလိုက်တော့ ယွန်ဂီက ပြတင်းပေါက်နားမှ ပြန်လျှောက်လာပြီး ဟိုဆော့နားမှာပဲ မတ်တပ်ရပ်ကာ ပြန်ပြောသည်။

" ငါက စိတ်ထဲရှိတဲ့အတိုင်း အပွင့်လင်းဆုံးဆက်ဆံတတ်တယ်လေ.. အနည်းဆုံးတော့
မင်းလို သူရဲဘောမကြောင်တတ်တဲ့အတွက်
သူနဲ့ ရင်းနှီးမှုရသေးတာပေါ့ "

" ကျေးဇူးပဲ.. သူ့ကို ဂရုစိုက်ပေးတဲ့အတွက်.. သူကလည်း မင်းကို အကိုရင်းတစ်ယောက်လို သဘောကျနေမှာပါ "

ယွန်ဂီ့ရဲ့ တမင်နှိမ်ချပြောသည့်စကားကို
အကွက်လှလှလေး ပြန်ထည့်ကာ ပြောလိုက်တော့ ယွန်ဂီ့မျက်နှာက တင်းမာကာ ရဲတက်သွားသည်။

Worldwide Pandemic [ Eden Contest ]Where stories live. Discover now