မိတ်ဆက်စာ (U)

389 30 2
                                    

ကျွန်ုပ်တို့ လူသားတွေ ရှင်သန်နေထိုင်ရာ ဤကမ္ဘာမြေကြီးဟာ...
ထာဝရ အဒွန့်ရှည် တည်တံ့နိုင်ပါသလား...။

ဤကမ္ဘာမြေကြီးဟာ သဘာဝဖြစ်စဥ်အလျောက် ဖြစ်ပေါ်တည်ရှိနေတဲ့ အဆုံးအစမဲ့ စကြဝဠာကြီးထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားလေး တစ်ခုဆိုတာကို လူတိုင်း သိနှင့်ပြီးသားဖြစ်မှာပါ။

23½° တိမ်းစောင်းပြီး နေစကြဝဠာကြီးထဲမှာ လည်ပတ်နေတဲ့ ဤကမ္ဘာမြေကြီးဟာ
ကျွန်ုပ်တို့ သက်ရှိလူသားတွေအတွက်တော့
တန်ဖိုးနှိုင်းဆမရနိုင်တဲ့ အဖိုးတန်ရတနာမြတ်တစ်ခုလိုပါပဲ။

ဤကမ္ဘာမြေကြီးပေါ်မှာပဲ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ မွေးဖွားလာပြီး အခြားသော သက်ရှိသတ္တဝါများစွာကပါ တပါတည်း မွေးဖွားဖြစ်ပေါ်လာတာကြောင့် အစာစက်ကွင်းကို မပြီးဆုံးစေသည့်တိုင် အစဥ်ထာဝရ လည်ပတ်နေစေပါတယ်။
နေ၊ ရေ၊ လေ၊ မြေနဲ့ အစားအစာတွေဟာ
လူသားတွေ ရှင်သန်ရပ်တည်နိုင်ဖို့ အရမ်းကို အရေးပါအရာရောက်တဲ့အတွက် မရှိမဖြစ် လိုအပ်တဲ့ အဓိက ပူးတွဲချန်ပီယံတွေလို့ပဲ ဆိုရမှာပါ။

တစ်နှစ်ပြီး တစ်နှစ်၊ တစ်ရာစုပြီး တစ်ရာစု၊
ခုနှစ်သက္ကရာဇ်တွေ ပြောင်းလဲလာသလို
လူနေမှုအဆင့်အတန်းတွေဟာလည်း
တစ်ဆထပ် တစ်ဆ၊ တဖြည်းဖြည်းခြင်း တိုးတက်ပြောင်းလဲလာကြပါတယ်။
လက်မှုစနစ်တွေကနေ စက်မှုစနစ်တွေအဖြစ် တိုးတက်ထွန်းကားလာပြီး ခေတ်မီနည်းစနစ်တွေနဲ့ လူနေမှုဘဝတွေကို တိုးတက်သည်ထက် ပိုမိုတိုးတက်အောင် အမြဲတစေ အားသွန်ခွန်စိုက် ကြိုးစားတတ်ကြတာဟာ
လူသားတွေရဲ့ ပင်ကိုယ်ဗီဇပါ။

အခုဆိုရင် ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို့ တင်စားရာကနေ အိမ်ဦးနဲ့ ကြမ်းပြင်လို့ ပြောင်းလဲ တင်စားရတဲ့အထိကို နည်းပညာတွေဟာ အနှိုင်းအဆမဲ့စွာ တိုးတက်လာကြပါပြီ။

ပန်းသီးတစ်လုံးကြွေကျရာမှ အစပြု၍ ကမ္ဘာ့မြေဆွဲအားကို စတင်တွေ့ရှိခဲ့တဲ့ Newton နဲ့ လျပ်စစ်မီးကို တွေ့ရှိခဲ့တဲ့ Michael Faraday တို့ဟာ လူသားတို့ရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် အဓိက ကျေးဇူးတင်ဂုဏ်ပြုထိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။
ခေတ်မီတိုးတက်တဲ့ လူနေမှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေဖို့ ခေတ်ရှေ့ပြေးတဲ့ တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့
ဘယ်နည်းပညာရှင်ကိုမဆို လူသားတိုင်းက
အသိအမှတ်ပြု၊ ကျေးဇူးတင်ကြမှာပါ။

Worldwide Pandemic [ Eden Contest ]Where stories live. Discover now