ပင်လယ် သမုဒ္ဓရာကြီး ဘယ်လောက်ပဲခြားနေပါစေ မင်းရှိတဲ့နေရာကို ရောက်အောင် လာခဲ့မှာပါ
ထယ်ထယ်
ဒီပင်လယ်ကြီးက သိပ်ကိုဆွဲဆောင်နေတာပဲ ပင်လယ်ကြီးကိုမြင်နေရရုံနဲ့ ငါပျော်တယ်
ဂျီမင်း
မင်းကငါ့အပိုင်ပဲ မင်းကို ထွက်သွားခွင့်မပေးနိုင်ဘူး ငါ့ချည်နှောင်မှုတွေက မင်းကို ရုန်းမရအောင် ရစ်ပတ်ထားမှာ
ဟိုဘီ
သိပ်မြတ်နိုးရတာမို့ပါ ကောင်လေးရယ် ချုပ်ချယ်တယ်လို့မထင်ပါနဲ့ ဒီလူကြီးက မင်းကို အနာတရလေး တစ်ခုနဲ့ မြင်ရရင်တောင် မကြည့်ရက်တာပါ
ဂျင်
ကျွန်တော်ပျော်တယ် အကို့အသံလေးကြားနေရရုံနဲ့ ပျော်နေမိတယ်
ဂျွန်ဂျောင်ကုအဆင့်အတန်းတွေသာ မသတ်မှတ်ထားရင် မင်းကို ရင်ထဲက ဖြစ်တည်မှုကို သိပ်ပြောပြချင်တာပေါ့ အမောင်ငယ်
နမ်ဂျွန်း
ငါ့အမိန့်ကို မနာခံသူတိုင်း ဒီလိုအဖြစ်မျိုးပဲ ကြုံစေရမယ်
ငါ့နှုတ်ထွက်အမိန့်ကို လက်မခံနိုင်ရင်တော့ ငါ့ကျိန်စာကိုပဲ မင်းတို့လက်ခံရလိမ့်မယ်
မင်ယွန်းဂီ
..........."ကျေးဇူးပြုပီး မသတ်ပစ်လိုက်ပါနဲ့"
"ငါ့အမိန့်ကို မနာခံရင် မင်းတို့အတွက် သေလမ်းကလွဲပီး ရွေးစရာမရှိဘူး"
"ကျွန်တော်သေပေးနိုင်ပါတယ် ထယ့်ကိုတော့ လွှတ်ပေးပါ"
"ထယ့်ကို သတ်မယ့်အစား တစ်ဘဝလုံးချုပ်ကိုင်နိုင်မယ့် ကျိန်စာမျိုးကိုပဲ သားတောင်းဆိုပါရစေ ဟိုမလောက်လေးမလောက်စားကောင်ကိုသာ သတ်ပေးပါ"
ဒီပင်လယ်ကြီးကိုမြင်တိုင်း ကျွန်တော့်နားထဲကြားလာရသော ထိုအသံတွေ
YOU ARE READING
နှောင််ကြိုးဖွဲ့သမုဒ္ဓရာ Vmin
Fanfictionအချစ်ကြောင့် ကျိန်စာသင့်ခဲ့ရတဲ့ ရေသူထီးလေးနဲ့ အစေခံဘဝကနေ ကျိန်စာကြောင့် လူဖြစ်လာရတဲ့ ကောင်လေးတို့ရဲ့ ချစ်ခြင်း Vmin fan fiction