ဟင် ဒါ ကောင်းကင်လေးအသံပါလား
ကောင်းကင်လေး အန္တရာယ်တစ်ခုခုရင်ဆိုင်နေရပီထင်တယ်
မပြောပေမယ့် ကျွန်တော်သိတယ်
ဒါက ကျွန်တော်တို့နှစ်ဦးကြားက အလိုအလျောက်ဆက်သွယ်နိုင်မှုကြောင့်ပဲဘယ်လို နတ်ဆိုးကပဲ တားထားတားထား ကျွန်တော်တို့ချစ်ခြင်းက လေးနက်စွာ သစ္စာဆိုခဲ့ကြတဲ့အတွက် ပျောက်ပြက်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်
ကောင်းကင်လေးနဲ့တွေ့ဆုံဖို့ သိပ်စောင့်ခဲ့ရပါတယ်
ခုတော့ မျော်နေတဲ့ နေ့လေးကို ရောက်ပြီပေါ့ ကောင်းကင်လေးရေ.......
"ဟိတ် ဟိတ် သတိရလာပြီလား"
"အား ကျွန်တော့်ကိုလွှတ် ခင်ဗျား ဘယ်သူလဲ"
"ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး
မင်းဒုက္ခရောက်နေတယ်ထင်လို့ လာကယ်တာ""ခင်ဗျားက ဘယ်သူလဲ"
"အား ကိုယ်လား အော် တံငါသည်ပါ ကိုယ်က
ငါးမျှားရင်းနဲ့ မင်းဒုက္ခရောက်နေတယ်ထင်လို့ လာခဲ့တာ""ဟိုလူကြီးပြောတော့ ဒီနေရာက လူမသိဘူးဆို ခင်ဗျားကဘယ်လိုသိတာလဲ"
"ဟာ ငါက ဒီနယ်က တံငါသည်ပါဆို ဒီနယ်အကြောင်းကျွမ်းတာပေါ့"
"နေပါအုံး မင်းကချည်းပဲ မေးနေတာ ငါကလဲမေးရပါအုံးမယ် ဒီအချိန်ကြီး ဘာထွက်လုပ်တာလဲ"
"ကမ်းစပ်လာကြည့်တာလေ"
"မြင်ရလို့လား မှောင်မဲထဲကို"
"ခင်ဗျားလဲ သိပ်အမေးအမြန်းထူတာပဲ
လစ်ထွက်လာတာ ရှင်းပီလား
ဒါနဲ့ ခင်ဗျားကရော ယုံရပမလား""အော် ငါ့နှယ် ငါမင်းအသက်ကို ကယ်ထားတာပါကွာ လူကိုမယုံသက်ာနဲ့"
"တကယ်တော့ ကျွန်တော် ခုနက သိပ်ကြောက်နေတာ
ငယ်ငယ်ထဲက ခုထိ တစ်ယောက်ထဲ အပြင်မထွက်ဖူးဘူး ခုကပထမဆုံးပဲ"ကောင်းကင်လေးရယ် ခုလို ထွက်လာပေးတာပဲ ကိုယ်ကတော့ သိပ်ကိုကျေးဇူးတင်နေမိတာပါ
အတိတ်ဘဝက သံယောဇဥ်တွေကြောင့်မို့ပဲ သူနဲ့ကျွန်တော်က ရင်းရင်းနှီးနှီးပြောဖြစ်နေတယ် ထင်ပါ့
ဒါကို ကိုယ့်ကောင်းကင်ငယ်လေး ရိပ်မိပါ့မလား
YOU ARE READING
နှောင််ကြိုးဖွဲ့သမုဒ္ဓရာ Vmin
Fanfictionအချစ်ကြောင့် ကျိန်စာသင့်ခဲ့ရတဲ့ ရေသူထီးလေးနဲ့ အစေခံဘဝကနေ ကျိန်စာကြောင့် လူဖြစ်လာရတဲ့ ကောင်လေးတို့ရဲ့ ချစ်ခြင်း Vmin fan fiction