"ဟဲ့ကောင်မတွေ ဒါနဲ့ ဟိုဘက် ပန်းချီသင်တန်းကို ကျောင်းသားသစ်ရောက်လာတယ်တဲ့ကြားပီးပီလား"
"အေး ဘာတဲ့ နာမည်လေးက ဂျီဟို အဲ "
"နင်ကလဲ ဂျီမင်းလုပ်စမ်းပါ ပတ်ဂျီမင်းတဲ့
သူကချစ်စရာလေး ငါ့type ပဲ""ဆိုရီတို့ကတော့နော် အဆင်လေးတွေ့တာနဲ့ ငမ်းလိုက်ရမှ"
"မဟုတ်ပါဘူး ဒီတစ်ခေါက်တော့ အတည်ကြံမလားလို့"
"သူ့ဘာသာသူ ဘယ်လောက်ချစ်ဖို့ကောင်းကောင်း ငါတို့ ထယ်ယောင်းလောက် ချစ်ဖို့ကောင်းနိုင်ပါ့မလား"
"ဒီကောင်မကတော့ ပြောကိုမပြောချင်တော့ဘူး တစ်ခါလာလဲ ထယ်ယောင်း ထယ်ယောင်းနဲ့ ဟိုက အနေအေးပေလို့ စားဘဲကြီးသာဆို နင့်ကိုစားသွားတာဖြင့်ကြာလောက်ပီ"
"ငါက အစားခံချင်တာ အဲ့လို ဟိုက ရေခဲတုံးမို့လို့သာ ခက်နေတာ ငါ့မှာ"
ဂျီမင်းတဲ့လား ကိုယ့်ရဲ့ကောင်းကင်လေး
ဆိုရီတို့ သူငယ်ချင်းတစ်သိုက်ပြောနေတာကို ကျွန်တော် ခိုးနားထောင်နေမိသည်
ကိုယ်တို့ တစ်မိုးအောက်ထဲမှာ တူတူရှိနေကြတယ်ပေါ့
ကိုယ်မင်းကို သိပ်တွေ့ချင်တယ် ဂျီမင်းဒီလိုနဲ့ ပန်းချီသင်တန်း ပထမဆုံးရက်ကတော့ ပြီးဆုံးသွားခဲ့ပီ
"အား ဝင်တိုက်ခံရပြန်ပီ"
"ဒီမှာ ဒီမှာ ဟိုလူ ခင်ဗျား မနက်ကလူမလား ခုလဲ ကျွန်တော့်ကို ဝင်တိုက်ပြန်ပီ ခင်ဗျားဘယ်လိုလူလဲ"
"ခင်ဗျား ဘယ်ကိုကြည့်နေတာလဲ ကျွန်တော် ဒီမှာလေ ခင်ဗျား မမြင်ဘူးလား ကျွန်တော့်ကို"
"ဟိုလေ စိတ်မရှိပါနဲ့ ကျွန်တော် တကယ်မမြင်ရလို့ပါ ကျွန်တော်တောင်းပန်ပါတယ်"
"ဆောရီးပါ ခင်ဗျား ကျွန်တော့်ကို မမြင်ရဘူးလား ခုန ကျွန်တော်ပြောလိုက်မိတာ လွန်သွားလို့တောင်းပန်ပါတယ် ခင်ဗျားမျက်မမြင်တစ်ယောက်မှန်း ကျွန်တော်မသိခဲ့လို့ပါ"
"မဟုတ်ပါဘူး ကျွန်တော် မျက်စိမြင်ပါတယ် ခင်ဗျားကိုသာ မမြင်ရတာ"
YOU ARE READING
နှောင််ကြိုးဖွဲ့သမုဒ္ဓရာ Vmin
Fiksi Penggemarအချစ်ကြောင့် ကျိန်စာသင့်ခဲ့ရတဲ့ ရေသူထီးလေးနဲ့ အစေခံဘဝကနေ ကျိန်စာကြောင့် လူဖြစ်လာရတဲ့ ကောင်လေးတို့ရဲ့ ချစ်ခြင်း Vmin fan fiction