အပိုင်း ၄ Unicode

157 19 7
                                    


ရေနန်းတော်ထဲတွင်

"အကို"

"သခင်လေး ကျွန်တော့်ကို အဲ့လို ခေါ်တာ မသင့်တော်ပါဘူး
တခြားသူတွေကြားသွားလို့ ဘုရင်ကြီးမင် နားတော်ဆီသာရောက်သွားရင် ကျွန်တော်မျိုးကို အမျက်တော်ရှပါလိမ့်မယ် သခင်လေး"

"မစိုးရိမ်လို့မရဘူးလား အကိုဂျွန်း
အကိုနဲ့ ကျွန်တော် နှစ်ယောက်ထဲရှိနေချိန်လေးတော့ အကို့ကို အထိန်းတော် တစ်ယောက်လို မဆက်ဆံချင်ဘူး"

အကိုဂျွန်းဘက်မှ တုံ့ပြန်စကားတို့ မလာခဲ့

ဟုတ်ပါတယ် အကိုဂျွန်းကတော့ ကျွန်တော့်ကို သူစောင့်ရှောက်ပေးရမယ့် ကလေးငယ်လိုပဲ မြင်နေခဲ့တာပေါ့

ကျွန်တော်ကတော့ အကို့ပေါ်မှာ မရိုးသားခဲ့ဘူးဆိုတာ မှန်ပါတယ်
အကို့ကိုစတွေ့ထဲကပေါ့

ကျွန်တော့်အထိန်းတော်စဖြစ်လာတဲ့ အချိန်ထဲက ကျွန်တော်သဘောကျလာခဲ့တာ

အကို့ရဲ့ တည်ငြိမ်တဲ့အပြုံး
အထူးသဖြင့် အကိုသဘောကျတဲ့ အပင်ငယ်လေးတွေကို ကြည့်နေတဲ့အချိန်ဖြစ်ပေါ်လာတဲ့ အကို့ရဲ့ ပါးချိုင့်လေး

ကျွန်တော်ကတော့ အကို့ရဲ့ သ‌ခင်လေးလို့ ခေါ်တာထက် စိတ်ပူတဲ့အခါ ထွက်ကျလာတဲ့ အမောင်ငယ်ဆိုတဲ့ စကားလေးကို ပိုလို့ ကြိုက်ပါတယ်

အကို တစ်ခါတစ်လေ သိပ်ကြောက်တတ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့
အကိုဂျီရဲ့ အဖြစ်အပျက်က မျက်မြင်မို့ သိပ်ကြောက်ပြီး နောက်တွန့်နေတယ်ဆိုတာ သိတာပေါ့

အကိုလည်း ခံစားချက်ပိုနေလောက်ပေမယ့် ဒါကြီးက အတားအဆီးကြီးမလား

စိတ်ချပါ အကိုဂျွန်း
အဖေသာ အကို့ကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အဖေ့အချစ်ဆုံး ကျွန်တော်ကလဲ အဖေ့အသည်းကို ဆွဲနှုတ်ဖို့ ဝန်မလေးပါဘူး

အမိန့်ဆိုတာ သူများတွေအတွက်တော့ ကျိန်စာဖြစ်ကောင်းဖြစ်လိမ့်မယ်
ဂျောင့်အတွက်တော့ အဖေအဲ့လောက် ရက်စက်နိုင်လိမ့်မယ် မထင်ပါဘူး အကိုဂျွန်းရယ်

"အကိုဂျွန်း"

"သခင်လေး ကျွန်တော့်ကို အဲ့လို..."

နှောင််ကြိုးဖွဲ့သမုဒ္ဓရာ VminWhere stories live. Discover now