အပိုင်း ၆ Unicode

116 17 4
                                    

ကျွန်တော် အရင်လို မလွတ်လပ်တော့ဘူး
ကြာခဲ့ပီပေါ့ ဒီပင်လယ်ပြာကြီးနဲ့ ဝေးကွာခဲ့ရတာဆိုရင်
ခုလောက်ဆို ပင်လယ်ကြီးလဲ ကျွန်တော့်ကို လွမ်းနေလောက်မလား
တစ်နေ့ထက်တစ်နေ့ အိမ်မက်တွေက ပိုလို့ပိုလို့ ဆိုးလာခဲ့တယ်
မျက်ဝန်းလဲ့ပြာပြာလေးနဲ့ ဆံနွယ်ပြာလေးတွေကတော့ ကျွန်တော့် အိမ်မက်တွေကို စိုးမိုးထားတဲ့ တစ်ခုထဲသော အရာတွေပေါ့
အကိုဂျင်က ကျွန်တော့်ကို ပတ်ဝန်းကျင် အသစ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တယ်
ဒါတွေကလဲ အလကားရခဲ့တာမဟုတ်ဘူးလေ
ကျွန်တော်‌ တောင်းဆိုလွန်းလို့ ပန်းချီသင်တန်းကို တက်ခွင့်ပေးခဲ့တယ်
ဒါပေမယ့် အပေးရှိရင် အယူရှိတတ်မြဲလေ
ပင်လယ်ပြာကြီးဆီ သွားခွင့်မရှိတဲ့ ကျွန်တော့်ကို အကိုဂျင်က ပင်လယ်ပြာကြီးနဲ့ ဟိုးအဝေးဆုံး မြို့လေးဆီကိုပါ ပြောင်းရွှေ့လိုက်ခြင်းပင်

ဒါပေမယ့် ကျွန်တော် သိပ်မြတ်နိုးရတဲ့ ပန်းချီပညာကို သင်ကြားခွင့်ရလိုက်တာက အမြတ်မဟုတ်လား
သို့ပေမယ့် ...........

"ဂျီလေး ပန်းချီပညာကို တကယ်စိတ်‌ဝင်စားတာလား"

"ဟုတ် အကိုဂျင်"

"ဒါဆို အကိုဂျင့်ကို ကတိတစ်ခုပေးနိုင်မလား"

"ပင်လယ်ကို ထပ်မသွားဖို့ ကတိပဲမလား
အကိုဂျေင် ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ဂျီလေး မသိပေမယ့် ငယ်ငယ်ထဲက ခုချိန်ထိ အကိုဂျင့် လက်ခုပ်ထဲကရေဖြစ်နေခဲ့ရတာပဲလေ စိတ်မပူပါနဲ့ နောက်လဲ ဆက်ဖြစ်နေရအုံးမှာမို့ ဒီကတိကို ကျွန်တော် မပေးချင်လဲ ပေးရမှာပါ"

"မင်း ကိုယ့်ကို အထင်လွဲမေပီ ဂျီလေး
တစ်နေ့‌နေ့ မင်းသိလာရင် ငါဘာလို့ တားနေရလဲဆိုတာ နားလည်လာလိမ့်မယ် ဂျီလေး
ပြီးတော့ အဲ့တာတင်မဟုတ်သေးဘူး အကိုဂျင် လိုချင်တဲ့ ကတိက"

"ဘာတွေ ထပ်ရှိသေးလို့လဲ"

"ကိုယ်မင်းကို ပန်းချီဆရာ တစ်ယောက်ဖြစ်ချင်တာမလား"

"ဟုတ်"

"ဒါဆို အကိုဂျင် ဂျီလေး နာမည်ကြီး ပန်းချီဆရာ ဖြစ်တဲ့ထိ ပံ့ပိုးပေးမယ်
ဒါမယ့် ဂျီလေးဘက်က တစ်ခုပဲ အကိုဂျင့်ကို ကူညီပေးရမယ်"

နှောင််ကြိုးဖွဲ့သမုဒ္ဓရာ VminWhere stories live. Discover now