"ထယ်ထယ် မင်းဂျီမင်းကို လွမ်းနေတုန်းလား ဂျီမင်းကို မေ့ပစ်လိုက်ပါကွာ"
"မေ့ပစ်ရမယ် ဟုတ်လား
ငါ့ကို အဲ့စကားကလွဲရင် ကျန်တာပြောပါလား နမ်ဂျွန်းရာ""ဂျီမင်းကို အကိုဂျင် စောင့်ရှောက်နေမှာပါ"
"ဂျီမင်းအခုဆို ၁၆နှစ်ပြည့်ပီးပီပေါ့နော် နမ်ဂျွန်းရေ
ငါသူ့ပုံလေးကို သိပ်တွေ့ချင်တာပဲကွာ
အရင်လို မျက်နှာဖူးဖူးလေးမျိုးပဲလားဆိုတာ သိပ်သိချင်တာပဲ နမ်ဂျွန်းရာ""တစ်နှစ်တစ်ခါ ဒီပင်လယ်ကြီးဆီလာတယ်လို့တော့ကြားတယ် ထယ်"
အကိုဂျင်နဲ့ ပေးထားတဲ့ ကတိကို ကျွန်တော်ဖျက်လိုက်မိသလိုဖြစ်သွားမလား အကိုရယ်
အကိုသာသိရင် ကျွန်တော့်ကို သိပ်စိတ်ဆိုးမှာပဲနော်အကို
ခွင့်လွှတ်ပါအကိုရယ် ထယ်လေး ခံစားနေရတာ မကြည့်ရက်လို့ပါ
၁၆နှစ်ရှိပီအကို
အချစ်ဆုံး သူငယ်ချင်းရဲ့ အပြုံးတွေ ပျောက်ဆုံးနေခဲ့တာ"ဂျွန်း ဒါဆို ကောင်ကင်လေးက ဒီနားကို တစ်နှစ်တစ်ခါ ရောက်လာနေကြပေါ့နော်"
ဝင်းလက် တောက်ပသွားတဲ့ ထယ့်အပြုံး
ဂျီမင်းမျက်နှာလေးကို မြင်ရတိုင်း ပြုံးနေတဲ့ ထယ့်အပြုံးမျိုး တစ်ခါ အသက်ပြန်ဝင်လာပီပေါ့ ထယ်လေးရယ်
.......တစ်နှစ်တစ်ခါ ရောက်လာတယ်တဲ့လား ကောင်းကင်လေးရယ်
ခဏပဲစောင့်ပါ နောက်နှစ်နှစ် နှစ်နှစ်ပဲစောင့်ပါနော် ကိုယ်တို့ပြန်တွေ့ရဖို့ရက်တွေ တဖြေးဖြေးနီးလာပါပီ ဂျီမင်းရယ်.........."ဆရာ Tan"
"ရောက်လာပီလား ထယ်
မျက်နှာလေး လင်းနေတယ်
ပျော်စရာရှိလို့လား""ကောင်းကင်လေး ကောင်းကင်လေး ပင်လယ်ဘက်ကို တစ်နှစ်တစ်ခါ လာတယ်တဲ့"
"မင်းသွားလို့မဖြစ်သေးဘူးနော် မင်းရဲ့စွမ်းအားတွေက ဟိုဘီ့ စွမ်းအားတွေကို တွန်းလှန်နိုင်မှာ မဟုတ်သေးဘူး ထယ်"
"ကျွန်တော်သိပါတယ် ဆရာ Tan ဂျီမင်း ၁၈နှစ်ပြည့်တဲ့အထိ ကျွန်တော် စောင့်နေမှာပါ"
YOU ARE READING
နှောင််ကြိုးဖွဲ့သမုဒ္ဓရာ Vmin
Fanficအချစ်ကြောင့် ကျိန်စာသင့်ခဲ့ရတဲ့ ရေသူထီးလေးနဲ့ အစေခံဘဝကနေ ကျိန်စာကြောင့် လူဖြစ်လာရတဲ့ ကောင်လေးတို့ရဲ့ ချစ်ခြင်း Vmin fan fiction