"ဂျီ ဒီနေ့သိပ်လှတယ်"
"အကိုကတော့မြှောက်နေပီ ကျွန်တော်ဘာမှတောင်မပြင်ဆင်ရသေးဘူး"
"မပြင်ရသေးလဲ လှပါတယ် ကိုယ့်ညီရယ် ဒီနေ့က အကုန်လုံး လှသွေးကြွယ်နေကြတာလေ"
"ကျွန်တော်ရော အကိုဂျွန်း"
"အိုးထယ်မင်း ငါ့ညီက ခန့်နေတာ"
"ဟာဟုတ်လား ကျေနပ်ပီဗျာ ဒါနဲ့ အကို့ညီလေးတွေမို့လဲ ချောလှခန့်သန့်နေတာ ပါတယ်"
"ဟက်ဟက်.....မင်းတို့တွေငါ့ကိုရှက်အောင်လုပ်နေတာပဲ"
ရယ်လိုက်သောအခါ ချိုင့်ဝင်သွားသော ပါးချိုင့်လေးတို့
ဒီမြင်ကွင်းဟာ တစ်ယောက်သောသူဖို့တော့ ပျော်ရွှင်ဖွယ်ဖြစ်မလာခဲ့ပါဘူး
ကောင်လေးတစ်ယောက်ဟာ သူနဲ့ ရှိတဲ့အချိန်တွေမှာသာ ဒီလိုအပြုံးမျိုးကို လိုချင်ကြောင်းတိတ်တခိုးပြောရင်းဖြင့် မြင်ကွင်းတို့ကို ကျောခိုင်းလို့ မသိမသာထွက်ခွာလာခဲ့တော့တယ်
ဒီနေ့က ရေသူထီး ရေသူမ အားလုံးရဲ့ အကြေးခွံ အရောင်ပြောင်းတဲ့ ကြီးမြတ်သော ပွဲတော်နေ့ပေါ့
ဒီနေ့မှာ ရေကမ္ဘာကြီးဟာ အပျော်တွေနဲ့ လွှမ်းခြုံထားကြတယ်
ဘုရင်ကြီးကစလို့ အစေခံအဆုံး အားလုံးဟာ မိမိမှာ ရှိတဲ့ တန်ဖိုးကြီး အဆင်တန်ဆာကို ထုပ်ဝတ်ကြပီး အမြှီးရဲ့ ပြောင်းလဲသွားမယ့် အကြေးခွံအရောင်ကို ရင်ခုန်စွာ စောင့်စားကြတယ်
အဲ့နေ့လေးက ကျွန်တော့်အတွက် အမှတ်အရဆုံးနေ့လေးပဲ သူနဲ့ကျွန်တော်စတွေ့တဲ့နေ့လေးပေါ့
"ဒါနဲ့ ဂျီ ဒီနေ့ နန်းတော်မှာ ဖျော်ဖြေကြမှာနော် တော်ဝင်ကချေသည် ရေသူထီးအသစ်လေးလဲပါမယ်တဲ့"
"အော်ဟုတ်လား ဒါပေမယ့် ငါတို့က သွားကြည့်လို့မှမရတာ"
"ဟာမင်းကလဲ သခင်လေးတို့ကို စားတော်သွားဆက်တဲ့အခါတော့ ခိုးကြည့်ခဲ့ပေါ့ကွ ဘာခက်လို့"
" ငါကတော့ကြောက်တယ်"
"ကြောက်မနေနဲ့ ငါကတော့ ခိုးကြည့်ခဲ့အုန်းမှာ ဘယ်လောက်ချောလဲဆိုတာသိချင်လို့ကွာ
ပြီးတော့ ရေသူမလေးတွေကိုလဲ ငန်းအုံးမှာ"
YOU ARE READING
နှောင််ကြိုးဖွဲ့သမုဒ္ဓရာ Vmin
Fanficအချစ်ကြောင့် ကျိန်စာသင့်ခဲ့ရတဲ့ ရေသူထီးလေးနဲ့ အစေခံဘဝကနေ ကျိန်စာကြောင့် လူဖြစ်လာရတဲ့ ကောင်လေးတို့ရဲ့ ချစ်ခြင်း Vmin fan fiction