အပိုင်း ၂ Unicode

182 21 3
                                    

၁၈နှစ်ပြည့် ကျွန်တော့်မွေးနေ့
အကိုဂျင့်ဆီက ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ အခွင့်အရေးလေးတစ်ခု

ဒီအ‌ခွင့်အရေးကြောင့်ပဲ ပျောက်ဆုံးခဲ့ရတာတော့ ကျွန်တော့်လွတ်လပ်ခွင့်ပဲပေါ့

ဒီတစ်ခေါက် ကျွန်တော်ပင်လယ်လာတာ နောက်ဆုံးဖြစ်လိမ့်မည်

ကျွန်တော် သိပ်မြတ်နိုးရပါတယ် ပင်လယ်ကြီးရယ် ဒါပေမယ့် ကိုယ်တို့တွေ့ဆုံဖို့က ဒီနေ့ရက်ထိပဲ ပါလာတယ်လို့တော့ ကိုယ်က မထင်ပါဘူး
ကိုယ်တို့ ထပ်တွေ့ကြရအုံးရမှာ

"ဂျီလေး ဘာတွေ တွေးနေပြန်ပီလဲ"

"အကိုဂျင်"

"ပြောလေ ဂျီလေး"

"အကိုဂျင် ဘာလို့ ပင်လယ်ကြီးကို သိပ်မုန်းတာလဲဟင်"

"ဂျီလေးကို ဘယ်သူပြောလို့လဲ"

"အကိုဂျင့်မျက်နှာကို ကြည့်ရုံနဲ့သိတယ်
ပြီးတော့ ဂျီသွားချင်တယ်ဆိုတိုင်း အကိုဂျင်မျက်နှာက မသာယာဘူး"

"မုန်းတယ်တော့ မဟုတ်ပါဘူး ဂျီ မပတ်သက်ချင်တာ"

"ဘာလို့မပတ်သက်ချင်တာလဲ"

"ဒီကလေးကတော့ သိပ်အမေးမြန်းထူတာပဲ အဝတ်အစားတွေ သေချာထည့်ပီးပီလား"

"အွန်းထည့်ပီးပီ ဒီတစ်ခေါက်‌က သုံးရက်တောင်နေရမှာဆိုတော့ အများကြီးထည့်ထားတယ်"

"ကလေး သိပ်ပျော်လား"

"ပျော်တာပေါ့ ပြီးတော့ အကိုဂျင် ကျွန်တော့်ကို ကလေးလို့မခေါ်နဲ့ ကျွန်တော် ၁၈နှစ်ပြည့်တော့မှာ လူကြီးဖြစ်နေပီ ကလေးလို့ မခေါ်နဲ့တော့"

"ကိုယ်က ချစ်စနိုးနဲ့မို့ပါ ကလေး အဲ ဂျီလေး မကြိုက်ရင် မခေါ်တော့ပါဘူး"

..........

ပထမဆုံးနေ့ ဒီနေ့က ကျွန်တော့်ရဲ့ ၁၈နှစ်ပြည့်တဲ့နေ့

"ဝါး လှလိုက်တာ အကိုဂျင်"

"ဟုတ်တယ်နော် သိပ်လှတာပဲ"

"သိပ်လှတဲ့ ပင်လယ်ကြီးကို မြင်ရတာတောင် မဝဘူး အကိုဂျင် ကမ်းစပ်နားကို မသွားချင်"

နှောင််ကြိုးဖွဲ့သမုဒ္ဓရာ VminWhere stories live. Discover now