ကျွန်မပျော်နေရင်...လိုက်ပျော်နေတတ်ပြီး
ကျွန်မဝမ်းနည်းချိန်ဆိုရင်လည်း.
မနေတတ်မထိုင်တတ်ဖြစ်နေတတ်တဲ့..သူ
လောကမှာကျွန်မပေါ်အနွေးထွေးဆုံးလူသားကို..ပြပါဆိုလျင်..ထိုသူဟာလီလီသာဖြစ်သည်...
သူ့ရဲ့ဂရုစိုက်မှုတွေဟာ..ကျွန်မအတွက်တော့..အိပ်မက်ဆန်တဲ့ဖြစ်ရပ်ဆန်းတွေချည်းပါပဲ..
သူနဲ့တွေ့ပြီးနောက်ပိုင်းကျွန်မ..ပိုပြီးနှစ်နှစ့်ခြိုက်ခြိုက်အိပ်ပျော်လာတယ်.
အပူအပင်တွေလျော့လာသလိုပဲ...
သူနဲ့အတူရှိနေရတဲ့အချိန်တွေဟာ..
ကျွန်မပေါ့ပါးစွာ.ရယ်မောနိုင်တဲ့အချိန်တွေပါပဲ..~~~~.အခုဆို..မိုးစက်လေးကအစ.
သက်တံကြီးတစ်ခုလုံး.
ခန်းဆီးစလေးအစွန်းကနေ.
မျက်တောင်အဆုံးအထိ
ငေးမောရင်းပြုံးနေနိုင်ပြီ..ဖရော်ဆန်~
"အောက်ချင်းငှက်တွေက...အပင်ကြီးတွေရဲ့..ဟိုး..အမြင့်ကြီးတွေမှာပဲအသိုက်ကို..ဖွဲ့ကြတာ.တဲ့သိလား
အောက်ချင်းငှက်မဥပေါက်ဖို့.အသိုက်ဝင်တဲ့အခါ..အောက်ချင်းငှက်ဖိုက.အသိုက်သစ်ခေါင်းကို.ရွှံ့စေဖြင့်မံတော့တာတဲ့လေ....ငှက်နှုတ်သီးလေးဝင်သာရုံသာ..
ချန်ထားပြီးကျန်တဲ့နေရာတွေကိုအကုန်ရွှံ့နဲ့လိုက်ပိုက်ထားတယ်...ဥဝက်တဲ့ချိန်မှာအောက်ချင်းငှက်မက..ရွှံ့ပိတ်သစ်ခေါင်းထဲမှာ.ငှက်ဖိုကအပြင်မှာ..
ငှက်မအတွက်အစာအာဟာရကို..နှုတ်သီးပေါက်ကနေပြီ.အတွင်းကိုချပေးတယ်..
အစာလာချတိုင်းလည်း..ရွှံ့ပိတ်သစ်ခေါင်းသိုက်ကိုသူကအကဲခတ်သေးတာ..ခြေရာလက်ရာပျက်နေပြီဆိုရင်..ငှက်မသစ်စာမဲ့ပြီဟူပြီးယူဆကာ..အဝေးသို့ထွက်သွားသတဲ့..အဲ့ဒေါ့အောက်ချင်းငှက်မက..အတွင်းမှာပဲ..သေပွဲဝင်ရရှာတယ်သူ့ခမျာအစာရေစာ..ပြတ်လတ်ရသည်ဆိုတာထက်...ရင်ကွဲနာကျရှာသည့်ဝေသနာကပိုရှာသည်တဲ့...ဝမ်းနည်းဖို့ကောင်းတယ်နော်နီနီ.."
"အဟင့်...."
သူ့မလက်မောင်းပေါ်ခေါင်းတင်ကာ..ဖတ်ဖူးခဲ့သမျှထဲမှမှတ်မိသလောက်လေးပြပြောနေ
စဥ်.ရှိုက်..သံလေးထွက်လာတာမို့.
ခေါင်း
ကိုဆတ်ခနဲမော့ကြည့်လိုက်မိသည်..
![](https://img.wattpad.com/cover/281915026-288-k284823.jpg)
BẠN ĐANG ĐỌC
𝐁𝐞𝐡𝐢𝐧𝐝.𝐞𝐯𝐞𝐫𝐲 𝐬𝐦𝐢𝐥𝐞 𝐭𝐡𝐞𝐫𝐞 𝐚 𝐬𝐭𝐨𝐫𝐲{completed }
Tâm linhကျွန်မအတွက်တော့လီလီဆိုတဲ့ အချစ်ဦးလေးကသိပ်ကိုလှပတဲ့ဖြစ်တည်မှုလေးပါပဲ။