"ဒီလောက်မုန့်တွေအများကြီးစားပြီးတာကို..ထပ်ပြီးတော့စားနိုင်သေး
တယ်ပေါ့လေ..ဖက်တီးလေးဖြစ်တော့မှာပဲ"ပန်းခြံကအပြန်သူမလေးက
အိမ်ကိုတန်းမပြန်ပါနဲ့ဦး.မုန့်စားချင်သေးတယ်.မုန့်ဆိုင်ကိုသွားကြဦးစို့.
ဟုဆိုလာတာနဲ့သူမလေးစိတ်တိုင်းကျ.လမ်းဘေးက.ရခိုင်ရိုးရာမုန့်ဆိုင်လေးသို့.စီးတော်ယာဥ်လေးကိုဦးတည်ပြီးနင်းခဲ့ရပြန်သည်လီလီရဲ့ချစ်စရာကောင်းတဲ့အပြုမူလေးတွေထဲမှာဒီအပြူအမူလေးကလည်းတခုအပါဝင်ပင်..တစ်ခုခုစားပြီဆိုရင်တောင်..
သူ့အကြိုက်ထက်သူမအကြိုက်ကိုဦးစားပေးတာမျိုး....အသင့်စားစေဖို့..ဂရုတစိုက်ဖြင့်..စိတ်ရှည်ရှည်ပြင်ဆင်ပေးတတ်သေးတာမျိုးလေးပင်အသေးအဖွဲလေးကစဂရုစိုက်တတ်
သည့်ဒီလူသားလေးရဲ့ဘေးမှရှိနေမည့်တစ်စုံတစ်ယောက်ဟာသူအပြင်တခြားတစ်ယောက်ဖြစ်နေမှာကို..စိုးရိမ်ပူပန်မှုသည်လည်းမကြာမခဏ
ဖြစ်ခဲ့ဖူးသေးသည်.သူကမှာထားသောရခိုင်မုန့်တီအသုတ်လေးရောက်သည်နဲ့.တူနှစ်ချောင်းကိုင်ကာ..သေသေချာချာစားရအဆင်ပြေအောင်..နှယ်ပေးပြီးမှ.သူမရှေ့သို့ထိုးပေးလေသည်.
ကြည့်နှူးဖို့ကောင်းလွန်းတဲ့အပြုမူလေးကြောင့်..
နှုတ်ခမ်းတွေကမဖုံးနိုင်မဖိနိုင်ပြုံးဖြီးနေစဥ်..ချီးကျူးစကားကိုပြန်ရုတ်သိမ်းစေနိုင်သည့်..ကျီစယ်စကား
ကြောင့်.မျက်နာကိုရှစ်ခေါက်ချိုး
ဖြင့်.နှုတ်ခမ်းကိုအစွမ်းကုန်ထော်ကာရန်ထောင်လာသည်ကတော့ရောင်စဥ်နီဆိုသည်.ကောင်မလေးတစ်ယောက်သာ
"လီလီနော်..ဘာဖက်တီးလေးလည်း
ပြည့်ပြည့်ဖောင်းဖောင်းဖြစ်လာမှာခေါ်တယ်..မသိပဲနဲ့..ဟွန်း"နှုတ်ခမ်းထော်ကာ.အမှားမခံရန်တွေ့နေသည့်မိမိရှေ့ကအနှီမလေးအား.နေရင်း
ထိုင်းရင်းလီဆာချစ်မဝဖြစ်လာသည်.21နှစ်အရွယ်ဒီအမျိုးသမီးလေးက..ဘာကများ.အရွယ်ရောက်ပြီးသားကိုသက်သေပြနိုင်မှာတဲ့လည်း.
အစပ်စားနေတာကြောင့်ထင်ပါရဲ့နီဆွေးဆွေးနှုတ်ခမ်းလေးက..သာမန်ထက်ပိုရဲနေပြီးနှာခေါင်းထိပ်လေးဟာလည်းအသဲယားစရာ..ခပ်ရဲရဲဖြစ်နေသည်
![](https://img.wattpad.com/cover/281915026-288-k284823.jpg)
ESTÁS LEYENDO
𝐁𝐞𝐡𝐢𝐧𝐝.𝐞𝐯𝐞𝐫𝐲 𝐬𝐦𝐢𝐥𝐞 𝐭𝐡𝐞𝐫𝐞 𝐚 𝐬𝐭𝐨𝐫𝐲{completed }
Espiritualကျွန်မအတွက်တော့လီလီဆိုတဲ့ အချစ်ဦးလေးကသိပ်ကိုလှပတဲ့ဖြစ်တည်မှုလေးပါပဲ။