part31

1.1K 102 5
                                    

အခန်းထောင့်စွန်း၌ဒူးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်တွယ်ယှက်ထားပြီး.ခေါင်းငုံ့ကာ..ထိုင်နေသည့်.ချစ်ရသူ

တုန်ယင်နေသည့်ကိုယ်လေးအရ.ငိုနေသည်ဆိုတာရိပ်စားမိသည်။

တချက်ချက်ထွက်ပေါ်လာသည့်.ခပ်တိုးတိုးရှိုက်သံလေးကြောင့်နှလုံးသားတခုလုံးဆွဲညစ်ခံထားရသလိုတဆစ်ဆစ်နာကျင်ရသည်။

စောက်သုံးမကျလိုက်တာလီဆာရယ်.
ဘာကြောင့်မို့ ဒီဆေးဝယ်သွားဖို့..စောက်အဓိပ်ပယ်မရှိတဲ့အတွေးကိုတွေးမိရတာလည်း.~

သူမအ​ရှေ့အပြေးကလေးသွားကာ
ဝယ်လာသည့်ဆေးထုပ်ကိုဘေးချ၍
ဒူးထောက်.ထိုင်ချလိုက်မိသည်။

"နီနီ."

လီဆာရဲ့ခေါ်သံကြောင့်သူမက.ဖြည်းဖြည်းချင်း
ခေါင်းထောင်လာကာ..ရုတ်တရက်.လည်တိုင်တွေကိုသွယ်ယှက်ဖက်သွယ်လာပြီး.ရင်ခွင်ထဲအတင်းတိုးဝင်ရှာသည်။

ငိုသံတွေဗလုံးဗထွးဖြင့်.စကားတွေ
လည်းပြောလာသေးသည်။

".ပျောက်လို့ရှာနေတာ..သန့်စင်ခန်းထဲမှာရော..မတွေ့လို့

ထား..ထားသွားပြီထင်တာ.အဟင့်"

ကျောပြင်သေးသေးလေးကိုခပ်ဖွဖွပုတ်ပေးကာ

"မငိုပါနဲ့.နီနီရယ်..ဘယ်လိုလုပ်ပြီး.ထားသွားနိုင်မှာလည်း..ကျွန်မဆေးသွားဝယ်တာပါ."

"အင့်..ဟင့်...နှိုးပြီးပြောသွားပါလား.လီလီစုတ်
မကောင်းဘူးကွာ.ဘာမှန်းလည်းမသိဘူး....အဟင့်..
ဒီမှာဘယ်လောက်တောင်.ကြောက်နေခဲ့ရလည်း..ထားခဲ့ပြီထင်ပြီး"

ဘာမဟုပ်တဲ့.ကိစ်စလေးနဲ့ဆိုပြီး
သူမကိုလည်းလီဆာအပစ်မမြင်လိုပါ
မဟုပ်ရင်တောင်.စိတ်အားငယ်တတ်တာမို့ကိုယ့်ကိုကိုယ်ပဲအခါခါစိတ်ပျက်မိသည်။

"ချစ်လို့တောင်မဝတာ.ဘယ်လိုလုပ်ထားခဲ့မလဲ..မတွေးရဘူးနော်.နီနီ.ဒါမျိူးတွေလျှောက်မတွေးရဘူး."

"အင့်..ဟင့်.မသိဘူး."

"တိတ်..တိတ်အခုပြန်လာပြီမို့တိတ်တော့နော်"

ချော့ပြန်တော့လည်းတအင့်အင့်ငိုနေရာမှကလေးတစ်ယောက်လိုခေါင်းကိုတဆတ်ဆတ်ငြိမ့်ရှာသေးသည်။

𝐁𝐞𝐡𝐢𝐧𝐝.𝐞𝐯𝐞𝐫𝐲 𝐬𝐦𝐢𝐥𝐞 𝐭𝐡𝐞𝐫𝐞 𝐚 𝐬𝐭𝐨𝐫𝐲{completed }حيث تعيش القصص. اكتشف الآن