သူတို့နှစ်ဦး.ချယ်တို့အိမ်မှအိမ်ကိုရောက်တော့ညနေတောင်စောင်းနေလေပြီ
မူလတန်းကျောင်းတုန်းကလီဆာရဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက်ရယ်လိုက်..
စားလိုက်သောက်လိုက်ဖြင့်.အချိန်ကုန်ခဲ့ကြသည်။ခဏလေးအတွင်းမှာပဲ.
ချယ်နဲ့ရောင်စဥ်ဟာလည်းသူငယ်ချင်းအရင်းကြီးတွေလိုပင်ဖြစ်သွားကြလေသည်.ချယ်ကတော့..လီဆာကို.ရရင်ရသလို.ရောင်စဥ်နဲ့ပေါင်းကာကြပ်လေသည်
ဆူးကတော့အကြီးပြီပြီခပ်အေးအေးဆိုပေမဲ့.
ရောင်စဥ်နဲ့တော့အတော်လေး.
လေပေးဖြောင့်ခဲ့ပါသည်မာမီနဲ့ဒယ်ဒီက.ညနေစာစားပြီးပြီဆိုတာနဲ့
ရောင်စဥ်နဲ့လီဆာလည်း.
နှစ်ယောက်ထဲစားကာစောစီးစွာအခန်းထဲဝင်ခဲ့ကြလေသည်..အခန်းထဲဝင်ဝင်ချင်း.. လီဆာက..ကုတင်ခေါင်းရင်းကထိုင်ခုံ၌ထိုင်ကာဖြော်လာခဲ့တဲ့
ကော်ဖီကိုချရင်းလိုက်ကာတွေ.အပြင်ဘက်ကိုငေး
ကြည့်နေသည်.ရောင်စဥ်ကတော့.အခန်းထောင့်မှာ
ထောင်ထားတဲ့guitarကိုယူကာမုန်တင်ခုံက.ထိုင်ခုံပေါ်ခြေချိတ်ထိုင်လိုက်သည်
ထိုအခါလီဆာကတော့အပြင်ဘက်ငေးရာမှ
လှည့်၍သူမပြုမူသမျှကိုကြောင်ကြည့်နေသည်"ဘာလုပ်မလို့လဲ.. နီနီ.ဂီတာတီးတတ်တာလား"
ရောင်စဥ်ကဒါပေ့ဆိုတဲ့အကြည့်ဖြင့်မေးဆတ်ပြလိုက်သည်
"တဂယ်ကြီး.အခုက..တီးပြမလို့လား"
"အင်းပေါ့..သီချင်းဆိုပြမှာလေ
"လီဆာပြုံးရွှင်စွာ.ခေါင်းငြိမ့်ပြတော့သူမက..
ဂီတာကြိုးကိုညှိနေလေသည်.
ဂီတာအိုးလေးကိုတချက်နှစ်ချက်ပုတ်ကာချောင်းဟန့်၍လည်ချောင်းရှင်းနေပုံလေးကလီဆာ့.မျက်လုံးထဲမှာချစ်စဖွယ်အတိ..
သူမကချစ်ဖို့ကောင်းဖို့ လီဆာအတွက်သီးသန့်မွေးဖွားလာပုံရသည်။
သူမနဲ့စောစောမတွေ့ခဲ့မိခဲ့သည့်ကြီးပြင်းလာတဲ့ အနှစ်နှစ်ဆယ်နီးပါးကိုမကျေမနပ်ဖြစ်မိသည်။
![](https://img.wattpad.com/cover/281915026-288-k284823.jpg)
YOU ARE READING
𝐁𝐞𝐡𝐢𝐧𝐝.𝐞𝐯𝐞𝐫𝐲 𝐬𝐦𝐢𝐥𝐞 𝐭𝐡𝐞𝐫𝐞 𝐚 𝐬𝐭𝐨𝐫𝐲{completed }
Spiritualကျွန်မအတွက်တော့လီလီဆိုတဲ့ အချစ်ဦးလေးကသိပ်ကိုလှပတဲ့ဖြစ်တည်မှုလေးပါပဲ။