part13

1.2K 133 9
                                    


ဒီနေ့အလုပ်ပိတ်ရက်မို့...မနက်စောစော
အိပ်ကနေ...ထွက်လာခဲ့လိုက်သည်.

မတွေ့ရတာ..တပတ်ရှိပြီဆိုတော့..သူမတော့စိတ်ကောက်နေတော့မယ်ထင်ပါရဲ့.

သူမအကြောင်းတွေးရင်း​ပြုံးကာ..လီဆာ..စက်ဘီးကိုခပ်ဖြေးဖြေးနင်းလာခဲ့လိုက်သည်...

သူမအိမ်ရှေ့ရောက်တော့သူမရဲ့အရိပ်အယောင်တောင်မမြင်ရ..အထဲမှာရှိနေမယ်အထင်နဲ့လူခေါ်ဘဲကိုတီးရန်ပြင်လိုက်စဥ်

တီတီ.

နောက်က..ကားဟွန်းသံကြောင့်..လီဆာ.
စက်ဘီးလေးကိုဘေးကပ်ပေးလိုက်သည်.ကားဘီးက..သူ့အနား..လှိမ့်လာက.ကားပြတင်းပေါက်မှနေ၍..သူမအမေကခေါင်းပြူထွက်ကာ

"သမီး.လီဆာ...ရောင်စဥ်လေးကမရှိဘူးကွဲ့..ပြင်ဦးလွန်က..သူ့အဖွားတွေစီ.အလည်ပို့ထားတယ်..မနက်ဖြန်လောက်မှပြန်လာမယ်ထင်တယ်"

"အာဟုပ်လား.အန်တီ.ဒါဖြင့်ကျွန်မကို..
ခွင့်ပြုပါဦးနော်"

"နေ.ပါအုံးသမီး...ကားထဲခဏဝင်ထိုင်ပါလား.အန်တီသမီးကို.စကားနဲနဲပြောချင်လို့.."

"ဟုတ်ကဲ့..."

လီဆာလည်း..ကားတံခါးကိုဖွင့်ကာ..ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်

"ထွေထွေထူးထူးတော့ မဟုပ်ပါဘူးကွယ်..အန်တီ့သမီးလေးကို..ဂရုစိုက်ပေးဖို့.မှာချင်လို့ပါ..
သမီးလေးက..ဒီကလီဆာကိုအရမ်းခင်တွယ်တော့..အန်တီ.က.သမီးလီဆာကိုအကူညီတောင်းရတာပါ"

"ဟုတ်ကဲ့"

"သမီး​လေးက..လီဆာနဲ့တွေ့ပြီးကာမှ.အရင်လိုမဟုပ်ပဲ...ပြုံးရယ်.လာတယ်.စိတ်ချမ်းသာလာတယ်ဆိုတာ...အန်တီတို့ဘေးကကြည့်နေတယ်သူတောင်..ခန့်မှန်းမိပါတယ်ကွယ်..
ဒါကြောင့်.ဒီကလီဆာနဲ့အတူရှိနေချိန်တွေဆို.သမီးလေးကို..ဂရုစိုက်ပြီး.စိတ်ချမ်းသာအောင်ထားပေးပါကွယ်နော်.အန်တီ.သမီးကျန်းမာရေးအတွက်တောင်းဆိုတာပါ"

"ဟုပ်ကဲ့ကျွန်မအတွက်အပန်းမကြီးပါဘူးပြီးတော့..တဂယ်စိတ်ရင်းနဲ့လည်းနီနီ့ကိုကျွန်မဂရုစိုက်ချင်ပါတယ်.."

"သမီးအလယ်တန်းလောက်တုန်းက..သမီးမှာသိပ်ချစ်ရတဲ့သူငယ်ချင်းမလေးတစ်ယောက်ရှိဘူးတယ်..
အပေါင်းသင်းရှားတဲ့သမီးလေးက.အဲ့ကလေးမလေးကိုသိပ်ခင်တွယ်ရှာတာ.
တဂယ်တော့အဲ့ကလေးမလေးက..သူ့ကိုစိတ်ရင်းနဲ့ပေါင်းတာမဟုပ်ပဲ​နောက်ကွယ်မှာ..သမီးလေးကျန်းမာရေးချို့တဲ့တာတွေ..သမီးလေးစီက..ဘယ်လိုညာစားခဲ့တာတွေ...အကြောင်း
သူ့ဒီပြင်သူငယ်ချင်းကို.ပြန်ပြောပြပြီး..သမီးလေးကိုလှောင်ပြောင်နေတာတွေ.သူနားနဲ့ဆက်ဆက်ကြားခဲ့ရတယ်
သမီးလေး. အရမ်းကိုစိတ်ထိခိုက်ခဲ့ရရှာတယ်.ကွယ်.တလတိတိ..အခန်းထဲမှာပဲနေပြီး.ရောဂါကပြင်းထန်လာခဲ့တယ်.

𝐁𝐞𝐡𝐢𝐧𝐝.𝐞𝐯𝐞𝐫𝐲 𝐬𝐦𝐢𝐥𝐞 𝐭𝐡𝐞𝐫𝐞 𝐚 𝐬𝐭𝐨𝐫𝐲{completed }Où les histoires vivent. Découvrez maintenant