"အခုရက်ပိုင်း..ရင်ဘတ်တွေအောင့်တာကစိပ်လာတယ်ဒေါက်တာ.ပြီးတော့တစ်ခါတလေမျက်လုံးတွေပြာပြီး..အသက်ရှုပ်ရပ်မတတ်ကြပ်လာတယ်.."
"ကျွန်တော်ပေးတဲ့ဆေးကိုရောပုံမှန်သောက်ရဲ့လား"
သူမရင်ဘတ်ပေါ်ရောက်နေတဲ့နားကြပ်လေးကိုဂုတ်ပေါ်ပြောင်းတင်ကာ
ဒေါက်တာကမျက်နာအနည်းငယ်ပျက်စွာပြောလေသည်"ဟုတ်ကဲ့ကျွန်မသောက်ပါတယ်..ဒါပေမဲ့သောက်သုံးခဏပဲဆရာ..ရောဂါကပိုစိုးလာသလိုခံစားရတယ်.ကျွန်မအထင်သောက်ဆေးနဲ့မတိုးတော့တာများလား"
ဒေါက်တာကသက်ပြင်းခပ်တိုးတိုးချကာ.သူမကုတင်ရှေ့ကထိုင်ခံ၌ထိုင်ချလိုက်လေသည်
သူမလဲလှဲနေရာမှထကာကုတင်ခေါင်းရင်းကိုကျောမှီ၍ထိုင်လိုက်သည်"ဟုတ်ပါတယ် လူနာနှလုံးကအလုပ်မလုပ်ချင်တော့ဘူးစွမ်းဆောင်ရည်အရမ်းကျဆင်းနေပြီ
..လူနာဘက်ကနေပြီးအမြန်ဆုံးအနီးကပ်ဆေးကုသမှုခံယူမှဖြစ်မယ်.ကျွန်တော်ဒီက.လူနာကို.အရင်လကတည်းက.ဆေးရုံတက်ဖို့ပြောတာလူနာကလက်မခံတာလေ..အခုအခြေနေကတော့လက်မခံလို့မရတော့ပါဘူးအလှူရှင်စောင့်ပြီးခွဲစိတ်ကုသမှ.ဖြစ်မယ်.ဒါပေမဲ့ကျွန်တော်တို့ဘက်က.ခွဲစိတ်ကုသမှုကိုတော့100%အာမခံလို့တော့မရဘူးဗျ
စိတ်မကောင်းပါဘူး..
ဒါပေမဲ့လူနာရဲ့စိတ်အခြေနေအပေါ်အများကြီးမူတည်ပါတယ်.50/50ပါပဲကျွန်တော်တို့အကောင်းဆုံးကြိုးစားပေးသွားမှာမို့လူနာကလည်းအားတင်းထားပေါ့ဗျာ"
ဒေါက်တာ့စကားကြောင့်မျက်ရည်တွေရစ်ဝိုင်းလာတဲ့သူမကိုဒေါက်တာကစိတ်မကောင်းသလိုကြည့်လာသည်
"ဟုတ်ကဲ့ကျွန်မစဥ်းစားပါ့မယ်"
Pov
ရောင်စဥ်တွေဝေသွားရသည်..ရောဂါကထင်တဲ့အတိုင်းပင်ဖြစ်နေလေပြီ
နောက်ဆုံးတော့ဒီလိုနေ့ကိုရောက်လာခဲ့ပြီ..သူမခံစားနေရတာကိုသူမကိုယ်တိုင်သိပေမဲ့
..လီလီသိရင်စိတ်မကောင်းဖြစ်မည်ဆိုးကာ..အကြိမ်ကြိမ်အောင့်အီးနေခဲ့သည်မှာအတော်ကြာခဲ့ပြီ.လီလီအနားရှိနေလို့သာခံစားနေရသည့်ဝေဒနာတွေဟာနိဗ္ဗာန်ဖြစ်ခဲ့လေခြင်း
VOUS LISEZ
𝐁𝐞𝐡𝐢𝐧𝐝.𝐞𝐯𝐞𝐫𝐲 𝐬𝐦𝐢𝐥𝐞 𝐭𝐡𝐞𝐫𝐞 𝐚 𝐬𝐭𝐨𝐫𝐲{completed }
Spiritualitéကျွန်မအတွက်တော့လီလီဆိုတဲ့ အချစ်ဦးလေးကသိပ်ကိုလှပတဲ့ဖြစ်တည်မှုလေးပါပဲ။