🦋ep.12🦋

81 9 0
                                    

""Envol 🦋 နိဂုံးကဗျာ""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋

Ep..🦋12🦋

      ပိုင် ..မိမိမျက်စိရှေ့မှာ ရောက်နေတဲ့.ကောင်လေးကို အံ့ဩမှုအပြည့်နဲ့ ငေးစိုက်ကြည့်နေမိတယ်။ ထိုကောင်လေးရဲ့..နုတ်ခမ်းလေးတွေ အပေါ်ကို ကော့တက်သွားပြီး မိမိအား ချိုသာစွာ ပြုံးပြလာတော့မှ...

""မင်း...စောစေရာ..ဒီကို ဘာလာလုပ်တာလဲ..""

ဟု..ခပ်မာမာလေးဘဲ မေးလိုက်‌မိတော့တယ်။ စောစေရာ ရဲ့ ပုံစံက..အရင်ကတွေ့ဖူးခဲ့တဲ့ ပုံစံနဲ့ အများကြီး ကွဲထွက်နေတယ်..။ ယခု စောစေရာရဲ့ပုံစံက...မှိုင်းနဲ့တောင် သွားဆင်နေသလိုပင်..။

""ပိုင်..အခုတလော..အဆင်ပြေရဲ့လား..""

""ငါအဆင်ပြေလား...အဆင်မပြေဘူးလားဆိုတာက..မင်းနဲ့ မဆိုင်ဘူး..ထင်တယ်..""

""ဟင်း..ပိုင်..မင်း ငါ့ကို..မယုံဘူးဆိုတာကို..ငါနားလည်ပေးလို့ရပါတယ်..ဒါပေမယ့်.ငါက.မှိုင်းဆိုတာကိုတော့ မင်းယုံအောင် လုပ်ဖို့ အခွင့်ရေးတော့ ရှိတယ်မလား..""

""အခွင့်ရေးဟုတ်လား...မင်းက.မှိုင်းပါဆိုပြီး..ဘာတွေကိုသက်သေပြဖို့အတွက်..ကြိုးစားနေတာလဲ..ဘာလဲ
မှိုင်း အကြောင်းတွေကို စုံစမ်းထားပြီး..အကွက်ကျကျနဲ့ မှိုင်းကို အရှက်ခွဲဖို့အတွက် ကြိုးစားနေတာလား..""

ပိုင်..စိတ်တိုစွာနဲ့ စေရာအားစူးရဲစွာ စိုက်ကြည့်ပြီး..ပြောလိုက်တယ်။

""ပိုင်...ငါလိမ်ပြောနေတာ မဟုတ်ဘူး..မင်းယုံအောင် ငါဘက်ကနေ သက်သေပြစရာတွေ အများကြီးရှိတယ် ပိုင်...တစ်အချက် .မင်း‌ရဲ့ ဘယ်ဘက်ပေါင်မှာ ရေနွေးပူလောင်ရာ အမာရွတ်ရှိနေတယ်..""

မှိုင်း(စေရာ)ရဲ့ စကားကြောင့်..ပိုင် တစ်ခဏတော့ အံ့ဩသွားတယ်။
သို့ပေမယ့်လဲ မျက်နှာကြီး ချက်ချင်းတည်သွားကာ...

""မင်းက သေချာကို စုံစမ်းထားတာဘဲ..""

ဟု ခနဲ့စွာ ဆိုလာသည်။

""ဟုတ်ပြီလေ..ပိုင်..မင်းရဲ့ ဘယ်ဘက်ပေါင်မှာ ရေနွေးပူလောင်ရာ ရှိတယ်ဆိုတာကို..လူတိုင်းသိနိုင်တယ် ဆိုပေမယ့်..ဘာကြောင့် လောင်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ အတွင်းကျကျ သိတဲ့သူက...မင်းရယ် မှိုင်းရယ်..ဂေဟာမှူးရယ်ဘဲရှိတယ်..""

Envol 🦋 နိဂုံးကဗျာWhere stories live. Discover now