EP🦋6🦋

98 9 2
                                    

""Envol 🦋 နိဂုံးကဗျာ""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋

Ep..🦋6🦋

     ""သခင်လေးစေရာက..အရမ်းကို..ရက်စက်တာဘဲ..ချစ်လုံးလေးကို ရေနွေးပူတွေနဲ့လောင်းပြီး သတ်ပစ်လိုက်တာလေ..""

အလုပ်သမားမလေးနှစ်ယောက် တီးတိုးစွာ ပြောဆိုနေကြသည်များကို အမုန်းလှိုင်း မမျော်လင့်ဘဲ ကြားလိုက်ရလေသည်။

""နင်တို့ ဘာတွေ ပြောနေကြတာလဲ.ချစ်လုံးလေးကို..စေရာက သတ်ပစ်လိုက်တာလား..""
အမုန်းလှိုင်း စိတ်လှုပ်ရှားစွာနှင့် အလောတကြီး ၀င်မေးလိုက်လေသည်။ ရုတ်တရက်ကြီး ထွက်ပေါ်လာသည့် အမုန်းလှိုင်းကြောင့်..အစေခံမလေးတွေ လန့်ဖျတ်သွားကာ..

""မဟုတ်ပါဘူး...မဟုတ်ပါဘူး..ကျွန်မတို့တွေ...ဘာမှမသိပါဘူးရှင်..""

ဟုထိတ်ထိတ်ပျာပျာ ဆိုရင်း ရှောင်ထွက်သွားကြလေတော့သည်။
အမုန်းလှိုင်းတစ်ယောက်တည်းသာ.စိတ်ထဲ..မတင်မကျဖြစ်ရင်း ကျန်ခဲ့လေသည်။ သိုပေမယ့် ရင်ထဲတွင်တော့ ဒေါသမီးများကတောက်လောင်နေလျက်..။

""စောစေရာ..""
အခန်းထဲကို ဒေါသတကြီး ၀င်ရောက်လာသည့် အမုန်းလှိုင်း..။

""ကိုကို .""

အမုန်းလှိုင်းကိုရုတ်တရက်ကြီး တွေ့လိုက်ရလို့ စောစေရာ ပျော်သွားခဲ့ပေမယ့် ထိုအပျော်လေးက ကြာရှည်မခံခဲ့ပေ.။

""ခွပ်..""

ဘယ်ဘက်ပါးပြင်ပေါ် ကျရောက်လာခဲ့သည့် ခပ်ပြင်းပြင်း လက်သီးတစ်ချက်..။နာကျင်မှုတွေနဲ့အတူ အမုန်းလှိုင်းကို အံ့ဩတကြီးနဲ့ စေရာ မော့ကြည့်လိုက်သည် ။

""ကိုကို..""

""မင်း..မင်း...မင်း..ချစ်လုံးလေးကို သတ်ပစ်လိုက်တာဆို .ဟုတ်လား.."""

ဒေါသတကြီးနှင့် စေရာကိုလက်ညိုးထိုးပြီး မေးလိုက်သည်။
စေရာ နုတ်ခမ်းထောင့်စွန်းက သွေးစတစ်ချို့ကို လက်ခုံနဲ့သုတ်လိုက်ပြီး..

""ဘယ်သူက..ပြောလိုက်တာလဲ ..ချစ်လုံးလေးကို စေရာသတ်လိုက်တယ်လို့လေ ..""

ဟု အေးစက်တည်ငြိမ်စွာနှင့် စေရာမေးလိုက်လေသည်။

""ဘယ်သူပြောတာလဲဆိုတာက.ဒီအချိန်မှာ အရေးမကြီးတော့ဘူး.စေရာ..မင်း..ချစ်လုံးလေးကို သတ်လိုက်တယ်ဆိုတာ ဟုတ်လား..မဟုတ်ဘူးလားဘဲ..ဖြေရမှာကွ...""

Envol 🦋 နိဂုံးကဗျာOnde histórias criam vida. Descubra agora