""Envol 🦋 နိဂုံးကဗျာ""
🦋🦋🦋🦋🦋🦋🦋🦋Ep..🦋3🦋
မှိုင်းရဲ့စိတ်ဝိညာဉ်က စောစေရာရဲ့ ခန္ဓာကိုယ်ထဲရောက်နေတာဆိုရင်..မှိုင်းရဲ့ခန္ဓာကိုယ်အစစ်ထဲမှာ..စောစေရာရဲ့ စိတ်ဝိညာဉ်က ရောက်နေမှာလား။ ဘယ်လိုတွေတောင် ထူးခြားဆန်းကြယ်လွန်းလှသည့် ကံတရားများလဲ..။
🦋🦋🦋
""ဘာ...ဒါဆို မင်းက စောစေရာရဲ့..ယောက်ျားလား..""
ဟုဆိုရင်း သူ့ကိုမျက်လုံးလေးအပြူးသားနှင့်..ငေးစိုက်ကြည့်နေသည့် စောစေရာကို.အမုန်းလှိုင်း..မျက်မှောင်ကြုပ်ပြီးကြည့်နေမိတော့သည် ။
သတိရလာကတည်းက..ကြောင်တောင်တောင်ဖြစ်နေသည့် စောစေရာကို..အမုန်းလှိုင်း..မသင်္ကာစွာ စိုက်ကြည့်နေမိသည်။""စေရာ..မင်းလုပ်ကြံခံရတဲ့..ညကအဖြစ်ပျက်တွေကို..မှတ်မိသေးလား..""
အမုန်းလှိုင်း တွေးတွေးဆဆလေးနှင့်..စောစေရာ(မှိုင်း)ကို..သွေးထိုးစမ်းပြီး မေးလိုက်လေသည်။
""လုပ်ကြံခံရတဲ့ည.ဟုတ်လား..""
မှိုင်း အသံယောင်လိုက်ပြီး ရေရွတ်လိုက်မိသည်။ စောစေရာကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တဲ့သူက အမုန်းလှိုင်းဆိုတော့...ငါ မှတ်မိနေတယ်လို့ ဖြေလိုက်လို့ရှိရင် ..အမုန်းလှိုင်းက ဘာတွေထပ်ကြံဦးမယ်မသိဘူး .။ နောက်ပြီး..ငါက အာရုံဘဲ ခံခဲ့မိတာလေ.။အဲ့နေ့ညက အဖြစ်ပျက်တွေကို ရှင်းရှင်းလင်းလင်းတော့ ငါမသိခဲ့ဘူး။
နောက်ပြီး စောစေရာကို အမုန်းလှိုင်းကိုယ်တိုင်..သတ်ခဲ့တာလဲမဟုတ်ဘူး... ။ စောစေရာကို..သတ်ခဲ့တဲ့သူက တခြားတစ်ယောက်ဆိုတာကတော့ သေချာတယ်..။ အဲ့လူကိုတော့ မှိုင်းရဲ့အာရုံထဲမှာ သေချာမမြင်လိုက်ရဘူး။။နောက်ပြီး ငါရဲ့ စိတ်ဝိညာဉ်က စောစေရာကိုယ်ထဲ ဘယ်လိုဖြစ်ပြီးရောက်နေတာလဲဆိုတာကိုလဲ အဖြေရှာရဦးမယ်လေ.။နောက်ပြီး ငါရဲ့ခန္ဓာကိုယ်ကိုလဲ သွားရှာရဦးမယ်.။ စောစေရာရဲ့စိတ်ဝိညာဉ်က..ငါခန္ဓာကိုယ်ထဲမှာသာရှိနေရင်..စိတ်ဝိညာဉ်ခြင်း ဘယ်လိုပြန်လဲရမလဲဆိုတာကိုလဲ အဖြေရှာရဦးမယ်..။လောလောဆယ်..ငါက စောစေရာမဟုတ်ဘူးဆိုတာကို လူတွေကိုပြောပြလို့ မဖြစ်သေးဘူး..။ ဘယ်သူကမှလဲ ငါပြောတာကို ယုံကြမှာမဟုတ်ဘူး။ငါ့ကို ရူးနေတယ်လို့ ထင်သွားကြလိမ့်မယ်။လောလောဆယ်..ဒီအတိုင်း စောစေရာအဖြစ်နဲ့ မီးစဉ်ကြည့်က ပြီး ရူးချင်ယောင်ဆောင်ရုံကလွဲပြီး ငါတတ်နိုင်တာ ဘာမှမရှိတော့ဘူး။။
STAI LEGGENDO
Envol 🦋 နိဂုံးကဗျာ
Storie d'amoreလူတစ်ယောက်ရဲ့ လက်ကိုကိုင်ပြီး.. အာရုံခံလိုက်တာနဲ့ အဲ့လူရဲ့ ဘ၀တစ်ခုလုံးမှာ ဘာတွေဖြစ်ခဲ့လဲ.. ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို သိမြင်နိုင်တဲ့..ထူးဆန်းတဲ့ အကြားမြင်အာရုံအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မှိုင်း.. အဲ့အစွမ်းတွေကို အသုံးချ ပြီး.. လူတွေကို အကြားမြင်ဟ...