Ep.🦋8🦋

95 12 2
                                    

""Envol 🦋 နိဂုံးကဗျာ""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋

Ep..🦋8🦋

""သခင်လေး စေရာသတိရလာပြီလား..."

""အား..ကျွတ်...ခေါင်းကိုက်လိုက်တာ.…..""

""ခေါင်းကိုက်နေတာလား..ကျွန်တော် ဆရာ၀န်ကိုဖုန်းဆက်ပြီးခေါ်ပေးမယ်နော်..""

""အာ..ဟေ့..အဲ့လောက်ကြီးလဲ မဟုတ်ပါဘူး..ငါဘာမှမဖြစ်ပါဘူး..""

""ဘာ..ဘာမှမဖြစ်ပါဘူးလဲ..ဘေဘီလေးရဲ့..ကိုကိုအရမ်းစိတ်ပူသွားတာဘဲကွာ..မင်းမနေ့ညက မူးလဲသွားတာလေကွာ.."

ဟု ပြောရင်း အခန်းထဲကို အမုန်းလှိုင်း၀င်ရောက်လာခဲ့လေသည်။

""ကဲ. တိုးမောင် ရေ..ဒေါက်တာကို ဖုန်းဆက်ပြီးခေါ်လိုက်..သွား..""

""ဟုတ်ကဲ့။ သခင်လေး..""

တိုးမောင် အခန်းထဲကနေ ထွက်သွားတော့ အမုန်းလှိုင်း မှိုင်းရဲ့ဘေးကို လာထိုင်လေသည်။
     နောက်တော့ မှိုင်းရဲ့နဖူးကို လာစမ်းသည်။
".မနေ့ညက ဒေါက်တာပြောတာကတော့..ဘေဘီလေး စိတ်ဖိစီးမှုတွေများလို့ မူးလဲတာတဲ့..""

(စိတ်မဖိစီးဘဲနေမလား..အလကားနေရင်း သူများကိုယ်ထဲမှာပိတ်မိပြီး ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ဖြစ်လာတာကြီးကို....အခန့်မသင့်ရင်..အသတ်တောင်ခံရဦးမယ်..နောက်ပြီး အသက်မပါတဲ့မင်းရဲ့ ဟန်ဆောင်အပြုံးကြီးကို မြင်တိုင်း..ငါနှလုံးသားတွေအေးခဲသွားမတတ်ကို ဖြစ်နေတာကို မင်းမှမသိဘဲ..)

""အဟမ်း..ဒီမှာ အမုန်း ..မင်းနောက်ဆို ငါကို ဘေဘီလေးကိုမခေါ်ပါနဲ့လား...""

""ဘာ..""

""ဟုတ်တယ်လေ..ကြားရတာ..နားယားလို့..ဒီအတိုင်းဘဲ..နာမည်ဘဲခေါ်ပါ...""

မှိုင်း စကားကြောင့် အမုန်း မျက်နှာက တင်းမာသွားလေသည်။

""ဘာလဲ .မင်း မှတ်မိနေတာလား..အဲ့ညကအကြောင်းကို..""

""ဟင်..ဘာကို ငါက မှတ်မိရမှာလဲ အမုန်းရဲ့..""

အမုန်း မေးလာသည့် ဆိုလိုရင်း အဓိပ္ပာယ်ကို မှိုင်း သိသော်လည်း
အရူးကွက်နင်းကာ မေးခွန်းကို မေးခွန်းနဲ့ဘဲပြန်ဖြေလိုက်လေသည်။

Envol 🦋 နိဂုံးကဗျာМесто, где живут истории. Откройте их для себя