EP.🦋9🦋

100 13 2
                                    

""Envol 🦋 နိဂုံးကဗျာ""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋

Ep..🦋9🦋

""တိုးမောင်ရေ..ငါ့ကိုဈေးလိုက်ပို့ပေးဦး..""

""ဟုတ်ကဲ့..သခင်လေး..ဈေးမှာဘယ်၀ယ်စရာရှိလို့လဲ..ကျွန်တော်သွား၀ယ်ပေးမယ်လေ..""

""ရပါတယ်..ငါကိုယ်တိုင် လိုက်၀ယ်မယ်..မင်းသာ လိုက်ပို့ပေး..""

မှိုင်း..မှင်သေသေနဲ့ပြောလိုက်တော့ .

""ဟုတ်ကဲ့..သခင်လေး..အခုသွားတော့မှာလား.."

""အင်း..""

🦋🦋🦋

     အမုန်းလှိုင်းကို ကိုင်တွယ်ဖို့ဆိုတာ ကလွယ်ကူပါတယ်..။ လောလောဆည် ကိုယ့်ကိုယ်ကို..ကာကွယ်ဖို့အတွက်..ညစ်ပတ်တဲ့ နည်းလမ်း
တွေကိုလဲ..သုံးချင်သုံးရမှာဘဲလေ..။ မတတ်နိုင်ဘူး..။ အမုန်းလှိုင်း နဲ့ တစ်ခန်းတည်း မနေရဖို့အရေးက..တို့အရေးဘဲ..။ လူစိတ်က..အခက်သားရယ်..။ ကိုယ့်ကို အတင်းတွယ်ကပ်လွန်းနေတဲ့သူဆို ရှောင်ချင်ကြတယ်..။နောက်ပြီး ညစ်တီးညစ်ပတ်နေတဲ့သူဆိုရင်..အနားတောင်မကပ်ချင်ကြတာ..လူ့သဘာ၀ဘဲလေ..။ အဲ့တော့..အမုန်းလှိုင်း..မှိုင်းနားမကပ်ရဲအောင် လုပ်ဖို့အတွက် နည်းလမ်းနှစ်မျိုးဘဲ ရှိတော့တယ်..။ အဲ့ဒါတွေက.. အတင်းတွယ်ကပ်လွန်းတာရယ်..
အနေထိုင် ညစ်ပတ်ဖို့ရယ်ပါဘဲ..။
ဟဲ..ဟဲ..သိက္ခာတရားတွေ...အရှက်တရားတွေ..ခဏဘေးဖယ်ထားပြီး..
မှိုင်း မျက်နှာပြောင်ပြောင်နဲ့ဘဲ..တိုက်စစ်ဆင်ရတော့မှာပေါ့..။ လာပါစေဦးပေါ့..အမုန်းလှိုင်းရယ်..ငှဲ..ငှဲ...။
🦋🦋🦋

          အမုန်း.တစ်နေ့လုံး ခေါင်းထဲ နောက်တောက်တောက် ဖြစ်နေတာကြောင့် အိမ်ကို စောစောပြန်လာခဲ့လေသည်။

""ဟင်..သခင်လေး..ဒီနေ့..အလုပ်ပြန်လာတာ စောလှချည်လား.."

အန်တီရီမြင့်က..တအံ့တဩနှင့်မေးလာလေသည်။

""ဟုတ်တယ်...အန်တီရီမြင့်..ကျွန်တော်ခေါင်းသိပ်မကြည်လို့..စောပြန်လာတာ..သံပရာရည်လေးတစ်ခွက်လောက်..ဖျော်ပေးပါလား..အန်တီရီမြင့်...""

""ဪ..ဟုတ်ကဲ့..ဟုတ်ကဲ့..သခင်လေး..အန်တီ..ဖျော်လာခဲ့ပေးမယ်နော်
"""
အမုန်းလှိုင်း  လက်ဆွဲအိတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်သည်။  မျက်လုံးတွေကို မှိတ်ထားပြီး..ခဏအနားယူနေလိုက်သည်။ ထိုအချိန်...

Envol 🦋 နိဂုံးကဗျာNơi câu chuyện tồn tại. Hãy khám phá bây giờ