🦋EP...11🦋

221 14 4
                                    

""Envol 🦋 နိဂုံးကဗျာ""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋

Ep..🦋11🦋

""ဟုတ်တယ်...မင်းပြောသလိုဘဲ ငါက..စောစေရာမဟုတ်ဘူး..""

""ဘာ..""

သူပြောလိုက်တဲ့ စကားကြောင့်
အမုန်းလှိုင်း..အံ့ဩထိတ်လန့်သွားခဲ့သည်။ သူ့အား. ပြူးကျယ်နေသော မျက်၀န်းများနှင့် စိုက်ကြည့်နေပြီး..

""မင်းက..စောစေရာ မဟုတ်ဘူးဆိုရင်..ဘယ်သူလဲ .""

ဟု မရဲတရဲမေးလာပြန်သည်။
ထိုအခါ..စေစေရာ(မှိုင်း)က..အမုန်းလှိုင်း၏မျက်၀န်းများအား စူးရဲစွာစိုက်ကြည့်လိုက်ပြီးနောက်..။
မျက်နှာသေကြီးနှင့် အေးစက်သော လေသံဖြင့် ...

""အင်း..ငါက..စောစေရာမဟုတ်ဘူး..ငါက..နှစ်ပေါင်းတစ်သောင်းကျော်သက်တမ်းရှိနေပြီဖြစ်တဲ့...
မဟာ့..မဟာ..သရဲကြီးလေ..""

""ဟမ်..""

ဆိုပြီး..မျက်လုံးအပြူးသားနဲ့ စဉ်းစားခန်း၀င်နေသည့် အမုန်းလှိုင်းကို ကြည့်ရင်း မှိုင်း ရယ်ချင်စိတ်တို့ကို မနည်းထိန်းနေရသည်။

""ဟာ...အကောင်းမှတ်လို့..နားထောင်နေမိတာ ငါ့အမှားဘဲ. စောစေရာ..မင်း..မဟုတ်တာတွေ အတော့်ကိုပေါက်ကရပြောနေ
တာဘဲ..""

ဟု အမုန်းလှိုင်းက ဒေါသတကြီးနဲ့အော်ပြောလိုက်တော့မှ...

""ဖူး..ဟား..ဟား..ဟား..မင်းက မယုံတာလား..ငါကတကယ်ကြီးပြောနေတာနော်..ငါက စောစေရာမဟုတ်ဘူး..။နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းရှိတဲ့ မဟာ မဟာ့ သရဲကြီးပါဆို..မင်းကို ငါ အခုချက်ချင်းဘဲ
.ဖမ်းစားပစ်လိုက်လို့ရတယ်. ""

စေရာ(မှိုင်း)က သူရဲ့လက်နှစ်ဖက်ကို ဟန်ပြပြ မြောက်လိုက်ပြီး..အမုန်းလှိုင်းအား ကလေးငယ်တစ်ယောက်ကို ခြောက်လန့်နေသလိုမျိုး ပုံလုပ်ရင်း ဆိုလိုက်လေသည်။

""ဖယ်စမ်းပါ...အရေးမပါတာတွေကို ..လုပ်မနေစမ်းနဲ့ .""

အမုန်းလှိုင်းက..စေရာ(မှိုင်း)ရဲ့..လက်တွေကို ပုတ်ထုတ်ရင်း..အေးစက်စွာ ဆိုလိုက်တယ်။

""အဟား..ဟား..ဟား..အမုန်း..မင်းနည်းနည်းတော့ ကြောက်သွားတယ်မလား.."

Envol 🦋 နိဂုံးကဗျာDonde viven las historias. Descúbrelo ahora