""Envol 🦋 နိဂုံးကဗျာ""
🦋🦋🦋🦋🦋🦋🦋🦋Ep..🦋4🦋
""ပိုင်..""
မိမိ၏နာမည်ကို ခေါ်လိုက်သည့်အသံကြောင့်...ပိုင်အနောက်ကို လှည့်ကြည့်လိုက်သည်။ နောက်တော့ ပိုင် အလိုမကျစွာ မျက်မှောင်ကြီးကြုပ်လိုက်လေသည်။ ထိုကောင်လေးကို ပိုင် ကောင်းကောင်းကြီး မှတ်မိနေသည်။ စောစေရာ..။""မင်း..ဘာလာလုပ်တာလဲ..ကောင်လေး..ဘာလဲ..ငါ့သူငယ်ချင်းကို..အရှက်ခွဲမလို့လား..""
ပိုင် ခက်ထန်မာကျောစွာနှင့်မေးလိုက်လေသည်။
""မဟုတ်ပါဘူး..မဟုတ်ပါဘူးကွာ..ပိုင်..""
""အဟက်..ဒီမှာကောင်လေး..မင်းကငါရဲ့နာမည်ကို..တရင်းတနှီးလာခေါ်နေရအောင်..ငါက မင်းရဲ့သူငယ်ချင်းမဟုတ်ဘူးကွ..""
""ပိုင်...ပိုင်..ခဏလောက်လေးဘဲ..စိတ်ကို ငြိမ်ငြိမ်လေးထားပေးလို့မရဘူးလား..ခဏလောက်လေးဘဲ..ငါပြောတာကို နားထောင်ပေးပါ..""
""ဘာကွ. .ငါက ဘာဖြစ်လို့ မင်းလိုအရိုင်းဆိုင်းကောင်ပြောတာကို..နားထောင်ရမှာလဲ .ဒီမှာကောင်လေး.မင်းက..ငါ့ကို..မင်းတွေ.ငါတွေနဲ့ .လာပြောနေရအောင်..ငါ့ကိုမင်းနဲ့ သက်တူရွယ်တူလို့များထင်နေတာလားကွ..မင်းကို မင်းမိဘတွေက မဆုံးမထားဘူးလား .ဟမ်..ကိုယ့်ထက်အကြီးကို ..ဒီလိုဘဲ မခန့်လေးစားပြောဆိုဆက်ဆံရမယ်လို့ဘဲ သင်ပေးထားတာလား..""
ပိုင်က .စောစေရာ(မှိုင်း)ကို..စူးစိုက်ကြည့်ပြီး..သူပြောချင်ရာတွေကို ဇွတ်ပြောနေလေတော့သည်။ ပိုင် အသံက အနည်းငယ် ကျယ်လောင်သွားတာကြောင့် ဆေးရုံအတွင်း သွားလာနေကြသည့် သူနာပြုဆရာမတချို့..မှိုင်းတို့ကို..ကြည့်ကွက်..ကြည့်ကွက်နှင့်လုပ်နေကြသည်။
မှိုင်း စိတ်မရှည်တော့ .ပိုင်ရဲ့လက်ကိုဆောင့်ဆွဲခေါ်သွားပြီး..ထိုနေရာကနေ ထွက်လာခဲ့သည် ။မှိုင်းဦးတည်နေသည့်နေရာသည့် မှိုင်းရဲ့ခန္ဓာကိုယ် ရှိရာ လူနာအခန်းသို့ ဖြစ်သည်.။
""ဒါ..ဘာလုပ်တာတုန်း..""
ပိုင်က ဆိုရင်း မှိုင်းရဲ့လက်ကို ပုတ်ထုတ်လိုက်လေသည်။
ŞİMDİ OKUDUĞUN
Envol 🦋 နိဂုံးကဗျာ
Romantizmလူတစ်ယောက်ရဲ့ လက်ကိုကိုင်ပြီး.. အာရုံခံလိုက်တာနဲ့ အဲ့လူရဲ့ ဘ၀တစ်ခုလုံးမှာ ဘာတွေဖြစ်ခဲ့လဲ.. ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို သိမြင်နိုင်တဲ့..ထူးဆန်းတဲ့ အကြားမြင်အာရုံအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မှိုင်း.. အဲ့အစွမ်းတွေကို အသုံးချ ပြီး.. လူတွေကို အကြားမြင်ဟ...