""Envol 🦋 နိဂုံးကဗျာ""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋Ep..🦋7🦋
ပန်းနုရောင် သတို့သမီးဝတ်စုံလေးနှင့်..အလှကြီးလှနေလေသည့် ပန်းအိနွယ် ။ အမုန်းလှိုင်း ပန်းအိနွယ်ကို..ကြင်နာရောင်လွှမ်းနေသည့် မျက်ဝန်းများနှင့်ငေးစိုက်ကြည့်နေရင်း ပြုံးနေလေသည်။ ဒီနေ့က အမုန်းလှိုင်းနဲ့ ပန်းအိနွယ်တို့ရဲ့ မင်္ဂလာပွဲနေ့။
ခန်းမတစ်ခုလုံးမှာလဲ.မင်္ဂလာပွဲလာ အသိမိတ်ဆွေ ..ဆွေမျိုးတွေနှင့် ပြည့်နှက်လို့နေပြီ..။ သတို့သားနှင့်သတို့သမီး ..လက်ချင်းယှက်လို့..ခန်းမထဲကို၀င်ရောက်လာသည်ကို အကုန်လုံးက ပြုံးပြီးကြည့်နေခဲ့ကြလေသည်။ ထိုအထဲတွင်..အမုန်းလှိုင်း၏မိခင် ဒေါ်ခက်လှိုင်း၏အပြုံးတွေက အတောက်ပဆုံးဘဲပေါ့..။""ဒီမင်္ဂလာပွဲကို..ကျွန်တော်လုံး၀ကို ကန့်ကွက်ပါတယ်...""
ဟူသော အသံကြီးက ရုတ်တရက်
ကျယ်လောင်စွာ ထွက်ပေါ်လို့လာခဲ့လေသည်။ခန်းမထဲကလူတွေအားလုံးရဲ့ အကြည့်တွေက အသံလာဆီသို့ စုပုံလို့သွားခဲ့လေသည်။လူငယ်လေး၁ယောက်..ခန်းမထဲကို ၀င်ရောက်လာကာ.သတို့သမီး.ပန်းအိနွယ်အား လက်ညိုးထိုးရင်း..
""အဟက်...မင်းဒီလိုမျိုး ကိုယ့်ကို..သစ္စာဖောက်သွားတာ လုံး၀ကိုမယုံကြည်နိုင်ဘူးကွာ..""
ဟုဆိုလာလေသည်။ အမုန်းလှိုင်း ထိုသူကို မျက်မှောင်ကြုပ်ကြည့်လိုက်ပြီး.
""မင်းကဘယ်သူလဲ...ပန်း သူ့ကိုသိလား.."
""ဟင့်အင်း..လှိုင်း..ပန်း သူ့ကိုမသိဘူး...ရှင်ဘယ်သူလဲ..ကျွန်မတို့မင်္ဂလာပွဲမှာ ရှင်ဘာဖြစ်လို့ အခု လာပြီးရမ်းကားနေရတာလဲ.."
ပန်းအိနွယ်ထိုသို့ပြောလိုက်တော့..ထိုလူငယ်လေးက ဟားတိုက်ပြီးရယ်သည်။ ခန်းမထဲမှာရှိနေကြသည့် လူတွေအကုန်လုံးလဲ လှုပ်လှုပ်ရွရွဖြစ်နေကြလေသည်။""မောင်ရင်.ထွက်သွားလိုက်တာ ကောင်းမယ်ထင်တယ်..သူများမင်္ဂလာပွဲမှာ အခုလိုမျိုးလာပြီး ရမ်းကားနေတာမကောင်းပါဘူး.."
ဆိုပြီး လူကြီး ၂ယောက် ၃ယောက်က ထလာကာ..ထိုလူငယ်လေးအား ဝိုင်းတားကြလေသည်။
YOU ARE READING
Envol 🦋 နိဂုံးကဗျာ
Romanceလူတစ်ယောက်ရဲ့ လက်ကိုကိုင်ပြီး.. အာရုံခံလိုက်တာနဲ့ အဲ့လူရဲ့ ဘ၀တစ်ခုလုံးမှာ ဘာတွေဖြစ်ခဲ့လဲ.. ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို သိမြင်နိုင်တဲ့..ထူးဆန်းတဲ့ အကြားမြင်အာရုံအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မှိုင်း.. အဲ့အစွမ်းတွေကို အသုံးချ ပြီး.. လူတွေကို အကြားမြင်ဟ...