Zawgyi
မနက်ခင်းနေရောင်ခြည် မလင်းခင် မနက်အလင်းရောင် မှိန်ပြပြကြောင့် အမြန်ထကာ အလုပ်သွားဖို့နှင့် Joon စားဖို့အတွက်ပြင်ဆင်ချက်ပြုတ်ပေးရသည် ။ Joon က အခုချိန်မှာ CEO တယောက်ဖစ်နေပေမဲ့လဲ ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာပြီး ဘယ်သူ့ကိုမှ အပူမကပ်တာမို့ အခုချိန်မှာလဲ Joon ဆီက ပိုက်ဆံမတောင်းချင်ပဲ ကိုယ့်ပိုက်ဆံသာ ကိုသုံးချင်သည် ။
Joon အတွက်အရာအားလုံးပြင်ဆင်ပြီးတော့ မြတ်နိုးရသူရဲ့ နဖူးပြင်ထပ်ကို နမ်းကာ အလုပ်ကိုသွားဖို့ ထွက်လာခဲ့သည် ။
.
.
.
.
Namjoon တယောက် ပြတင်းပေါက်ကို ထိုးဖောက်ကာ တိုးဝင်လာတဲ့ နေရောင်ကြောင့် သူ့အိပ်တဲ့ ဘေးဘက်ကို စမ်းကြည့်တော့ နွေးထွေးမူနဲ့ မထိတွေ့ရပဲ အေးအေးစက်စက် အထိတွေ့သာ
" ကျစ် ...... "
ဆုတ်သတ်တချက်သတ်ကာ ထသွားလိုက်ပြီး မျက်နှာသစ်ကာ အိမ်အောက်ဆင်းလာတော့ တိတ်ဆိတ်နေတဲ့ အရိပ်ယောင်များသာ
" ဟင် ....... "
အသက်ပြင်းရှည်ရှည်တခုချရင်း မီးဖိုခန်းထဲဝင်လာတော့ နှစ်ယောက်စား စားပွဲခုံဝိုင်းပေါ်တွင် သံပရာရည်နဲ့အတူ ထားခဲ့သည် ကင်မ်ချီ ထမင်းကြော်
စားပွဲဝိုင်းတွင် ၀င်ထိုင်ပြီး သံပရာရည်ကိုသောက်ရန် ခွက်ယူလိုက်သော ဖန်ခွက်ဘေးတွင်ထား ထားသည့် ခရမ်းရောင်လေးထောင့် စာရွက်အသေးလေးတခုပေါ်တွင်မှင်အမဲဖြစ်ရေးထားတဲ့ စာတိုလေးတခု
* Joon အတွက် ကျွန်တော် အမူးပြေ သံပရာရည်ဖျော်ထားတယ် သောက်လိုက်နော် ၊ မနက်စာကိုတော့ စားဖြစ်အောင် စားသွားနော် Joon ....... *
မဲ့ပြုံးတခုကို ဆင်မြန်းရင်း သံပရာရည်ကို သောက်ကာ ထသွားလိုက်ပြီး
အလုပ်သွားရင်သာ ထွက်လာခဲ့လိုက်သည် ။
ညနေခင်း Hoseok တယောက်ပြန်လာတော့ မီးဖိုချောင်ထဲဝင်ကြည့်တော့ စားပွဲပေါ်တွင် ထားခဲ့သည့်အတိုင်းအရာမယွင်းပဲ ပွ နေပြီးဖြစ်သော ထမင်းကြော်ကြောင့်
" မစားသွားပြန်ဘူးလား Joon ရယ် ? "
သက်ပြင်းမောတခုချကာ အိမ်ပေါ်ထပ်တက်ပြီး အိပ်ခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်တွင် ပြန့်ကျဲ့နေသည့် Joon ရဲ့ မနေ့ညက ၀တ်ခဲ့သည့် အ၀တ်စားများ
လျှော်မဲ့နေရာတွင် ခနထားလိုက်ပြီး အိမ်သန့်ရှင်းရေးကိုအရင်လုပ်လိုက်သည် ။
တွေ့ခဲ့တာပေါ့ Joon shirt အကျီ င်္အဖြူ ကော်လံမှာ ပေကျန်နေတဲ့ နှုတ်ခမ်းနီရာ ၊ မစုံတော့တဲ့ ကြယ်သီးလုံးများ ၊ နာကျင်တယ် Joon တွေ့နေကျဆို့ပေမဲ့လဲ တွေ့လိုက်တိုင်းမှာနာကျင်တယ် ။
ВЫ ЧИТАЕТЕ
မဆုံပါရစေနဲ့တော့ Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }
Фанфикшнနောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 .... နောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 ....
