Zawgyi
ဈာပနပွဲကို Company က လူရင်းအနည်းငယ် နဲ့ Jin hyung တို့နဲ့အတူ ငယ်ငယ်ကကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေယာက ဆရာမကြီးတွေ နဲ့သာ ပြုလုပ်ခဲ့သည် ။
Jin hyung ကတော့ ကျွန်တော်ကို မျက်လုံးစိမ်းများဖြင့်သာ ကြည့်နေသည်ကို သိသော်လည်း ဂရုမစိုက်မိပါ ။ ငယ်ငယ်က ပြုစုစောင့်ရှောက်ခဲ့တဲ့ ဆရာမကြီးတွေကတော့ ဖြေမဆည်နိုင်အော်ငိုကြွေးနေသည် ။ Seok လို့ လိမ္မ်ာရေးခြာရှိပြီး တခြားလူတွေအပေါ်ဂရုစိုက်ပေးတတ်သလို့ ပျော်ရွှင်အောင်ထားပေးတဲ့ လူကို ဆရာမကြီးတွေလဲ အချစ်ပိုရသလို့ အနိုင်ကျင့်တဲ့လူတွေကလဲ ခပ်များများပေ ~ သူ့ကိုဝိုင်းအနိုင့်ကျင့်တဲ့ အချိန်တွေကျရင် ကျနော်ကပဲ သူ့ကိုကာကွယ်ပေးတာလေ ။
အခု အရင်လို့ကျွန်တော် ကာကွယ်ပေးစရာ ကောင်လေးလဲ မရှိတော့သလို့ ပျော်ရွှင်မူ့တွေ ယူဆောင်လာတဲ့ လူသားငယ်လေးက ဘယ်တော့မှ မနိုးတော့ အိပ်စက်ခြင်းတွေနဲ့ ထာဝရအိပ်စက်သွားခဲ့ပြီး ။
ကျွန်တော် ဘာဆက်လုပ်ရမလဲ ?
Seok ရဲ့ ဓာတ်ပုံလေးကို ပွေ့ဖက်ရင်း အခန်းထောင့်လေးမှာ နာကျင်စွာ ငိုကြွေးနေမိသည် ။ငိုကြွေးရင်းနဲ့ မနက်ကပြောထားတဲ့ Jin hyung ရဲ့စကားကိုပြန်ကြားယောင်မိလာပြန်သည် ။
" မင်းနဲ့ဆို့ သူ့ပျော်ရွှင်မယ်ထင်ပြီး မင်းကရော့ သူ့ကို အသက်ထက်ချစ်မြတ်နိုးပြီး စောင့်ရှောက်ပေးနိုင်မယ် ထင်လို့ ငါ့ရင်တွေအကွဲခံပြီး မင်းလက်ထဲ ထည့်ပေးခဲ့တာ ။ ဒါကို အစပိုင်းလောက်သာ မင်းသူ့အပေါ်ကောင်းပြခဲ့ပြီး အောင်မြင်လာတဲ့ စီးပွားရေးသမားတယောက်ဖြစ်တော့ မင်းဘာပိုင်ဆိုင်မူမှ မရှိခင် အနားမှာ နေ့ညမပျက် ရှိပေးခဲ့ပြီး ကြိုးစားပေးခဲ့တဲ့ သူ့ကိုမေ့ပြီး သာယာမူနောက်ကိုလိုက်ခဲ့တယ် ။ မင်းသိလား Namjoon သူ့မင်းကို ပေးခဲ့တဲ့ ပိုက်ဆံတွေက သူ့ရောဂါကို မကုသပဲ ပေးခဲ့တဲ့ ပိုက်ဆံတွေ အဲ့ဒီ ပိုက်ဆံတွေနဲ့ မင်းအောင်မြင်လာခဲ့တာ ။
မင်းက သူ့ရဲ့ အချစ်တောင် မပြောနဲ့ သူ့ရဲ့ ဥပက္ခာတွေနဲ့တောင် မထိုက်တန်ဘူး ။ "ပြန်ကြားယောင်လာတဲ့ စကားကြောင့် ကိုယ့်ကို တောင် အသေသတ်ပြစ်ချင်မိသည် ။
![](https://img.wattpad.com/cover/291511746-288-k243453.jpg)
YOU ARE READING
မဆုံပါရစေနဲ့တော့ Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }
Fanfictionနောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 .... နောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 ....