Zawgyi
နှာခေါင်းထဲ တိုးဝင်လာတဲ့ ပိုးသတ်ဆေးနံ စူးစူး
ဆေးရုံကိုရောက်နေပြန်ပြီးလား ?
" ကျစ် ! "
မျက်လုံးများကို မဖွင့်ပဲ စိတ်ပျက်စွာ ဆုတ်သက်တချက်သတ်ပြီးအဆုံး ပြန်လည်မြင်ယောင်လာတဲ့ Joon ရဲ့ အကြည့်စူးစူးတွေကြောင့် မျက်လုံးများကို အမြန်ဖွင့်ကာ ကုတင်ပေါ် ချက်ချင်းဆင်းလိုက်ပြီး လက်ထဲ သွယ်တန်းထားတဲ့ ဆေးပိုက်ကို ဆွဲဖြုတ်ကာ ဆေးရုံ ၀တ်စုံ မိုးပြာရောင် ကွက်ကြားလေးထပ် မထူမပါးရှိတဲ့ အပေါ်ထပ် အနွေးထည့်လေးကို ၀တ်ပြီး ပြေးထွက်လာမိတော့သည် ။
အပြင်ကို ပြေးထွက်လာတော့ ညရဲ့ အလင်းရောင် ပြပြနဲ့ ကြယ်ရောင်စုံများက ကျန်ရှိနေသေးသည် ။ ကျဆင်းနေတဲ့ နှင်းစက်အေးအေးလေးက အသားထဲ စိမ့်ဝင်ပြီး အရိုးထဲထိတောင် အေးခဲနေသည်ပြီး မြူ များက အုပ်မှိုင်းနေတာကြောင့် အခု မနက် ၃ နာရီ ၄ နာရီလောက်ရှိသည်ပေါ့ ။
နှင်းစက်တို့ရဲ့ အရိုးထဲထိအေးပါတယ်ဆို့တဲ့ အအေးဒဏ်က Joon ရဲ့အကြည့်စူးစူးနဲ့ မုန်းတီးရွံရှာနေတဲ့ အထင်လွဲ အကြည့်တွေကြောင့် ပူလောင်နေတဲ့ စိတ်အစုံကိုတော့ အေးချမ်းစွာ မလုပ်နိုင် ။
နီးစပ်ရာ Txai ကို ငှားလာပြီး အိမ်ကို အမြန်ပြန်ခဲ့သည့်
~ ကျွန်တော် Joon ထင်သလို့ မဟုတ်ဘူးဆိုတာ ရှင်းပြဖို့လာနေပြီးမို့ ခနလေးပဲ စောင့်နေပေးပါ ။ ကျွန်တော်ရှင်းပြတာတွေ ပြောပြတာတွေ နားထောင်ပြီးမှ ကျွန်တော်ကို စိတ်ကြိုက်မုန်းပါ Joon ။ အခုတော့ မမုန်းပါနဲ့အုံး Joon ...... ~
စိတ်ထဲတွင် Joon မမုန်းစေဖို့ အကြိမ်ကြိမ်ဆုတောင်းရင်း အိမ်ကိုသာ အမြန်ရောက်ချင်နေပြီး
" ဦးလေးကြီး ဒီထပ်မြန်မြန်မောင်းပေးပါ ။ "
" ကောင်လေး မင်းဘာကို ဆိုးရိမ်ပူပန်ပြီး အလျင်လိုနေတာ မသိပေမဲ့ မင်းကို ကြည့်ရတာ မေ့လဲတော့မဲ့အတိုင်းပဲ ။ ဒါကြောင့် မင်းဆေးရုံကိုပြန်သွားလိုက်ပါ ။ မဟုတ်ရင် တခုခုဖြစ်နေလိမ့်မယ် "
" ကျွန်တော် အခုချိန်မှာ ဆိုးရိမ်တာက ကျွန်တော် ကျန်းမာရေးထပ် မဟုတ်ဘူး အရာအားလုံးထပ်အရေးပါတဲ့ လူကို ပိုဆိုးရိမ်နေတာကြောင့် မြန်မြန်မောင်းပေးပါ ။ တကယ်အရေးကြီးလို့ပါ "
YOU ARE READING
မဆုံပါရစေနဲ့တော့ Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }
Fanfictionနောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 .... နောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 ....
